Sep 19, 2009

နေရာတိုင်းမှာ စွန်းကွက်နေသော အပြာရောင် ဆေးစက်များ

















ပျောက်ရှသွားတဲ့ ငါ့နေ့ရက်တခုပါ...
ပြန်တွေ့လိုက်ရတဲ့အခါ...
မင့် ဆံကေသာတွေ ကြားမှာ...
ပန်းတပွင့်လို မင်းက ပန်လို့...

ဟောသည် မီးပုံကလေးလေ...
ချောက်ကမ်းပါးနံဘေး တခုမှာ
ငါတို့ အတူ ခိုလှုံခဲ့ကြတာပေါ့...
တို့ရင်ခုန်သံတွေဟာ
အာဖရိက ဗုံသံတွေထက်တောင်
ကျယ်လောင်ခဲ့သေးတယ် မဟုတ်လား...
ခုထိ ငါ ပြန်ကြားနေသေးတယ်...

လာပါ ညီမလေးရယ်...
အဲသည် ကွင်းပြင်ကျယ်ကြီးကို
ပင်လယ်လိုပဲ နောက်ထပ် တဖန်
ငါတို့ ဖြတ်ကူးကြရပြန်ပါဦးမယ်...
ငါ ပြောခဲ့တဲ့အခါ...
တို့ရဲ့ အလံ နှစ်လက်
ရွက်တိုင် တခုထက်မှာ
အတူတူ လွှင့်ထူခဲ့တဲ့ နေ့ရက်တွေဟာ
စကြ၀ဠာကြီးအတွင်းမှာ
အလင်းလက်ခဲ့ဆုံးသော
ကြယ်ပြာတလုံး ဖြစ်ခဲ့တာပေါ့...

ငါ့ ကဗျာတွေကို မင်းကရေးပြီး
မင့် တေးတွေကို ငါက ဆိုခဲ့ပေးတယ်လေ...
နောက်ထပ် ဘာလိုသေးလဲ...

ယနေ့ မနက်ဖန်
အနာဂတ် ပစ္စုပ္ပန်
အသံတွေ ဘယ်လိုထွက်ထွက်
တို့ အိပ်မက်ထဲမှာတော့ အချိန်ဆိုတာ ရှိကို မရှိခဲ့ဖူးဘူး...
ငါ့ ရင်ခွင်ဦးမှာ မင့်နှဖူးကို မှေးတင်ထားတဲ့အခါ...
တခါတခါလည်း
မင့်ပေါင်ပေါ်မှာ ငါက ခေါင်းအုံး အိပ်ရင်း
မင်းမျက်လုံးထဲက အချစ်ရိပ်တွေကို
တိတ်တဆိတ် လိုက်လိုက်ဖတ်မိသွားတဲ့အခါ...

ရွှေရောင် တောက်ပခဲ့သော
ပန်းနုရောင်နေ့ရက်များထဲက
အနီရောင် နှလုံးသားတွေပေါ်မှာ
အ၀ါရောင် ချစ်ခြင်းမေတ္တာများသာ
အစိမ်းရောင်မြက်ခင်းလို လွတ်လပ်ကျယ်ပြောခဲ့တာ...
မင်းရော ငါရော သိပါတယ်...

သည်ကနေ့တော့
ဆယ်လီဘရိတ်လုပ်ကြပါစို့...
ငါတို့ရဲ့ချစ်ခြင်းများ...

ATN
၉-၁၉-၂၀၀၉

မှတ်ချက်။ ။ သည်ကဗျာကို အသံထွက် ဖတ်စေချင်ပါသည်။

11 comments:

PhotoVigor said...

how can you do that? A poem a day..

ATN said...

@ Vigor - 'Cos I have a very bad sad feeling or a so stupid miserable sufferring right now. But I rarely post a poem per day actually. Anyway, these days are burning me alive. That's why I just screamed out aloud as "hot, hot..." that's all,,, and nothing else... :)

Anonymous said...

အသံထွက် ဖတ်မရသေးလို့ တိတ်တိတ်လေးဘဲ
ရွတ်သွားမိပါတယ်....

mie nge

ရွှေရတုမှတ်တမ်း said...

သိတ်လည်းဆွေးမနေပါနဲ့တော့ ကိုယ့်လူရာ
ပျော်စရာ အချစ်ကဗျာလေးတွေ ထပ်ရေးပါဦး

Aung Tha nge said...

mie nge - thanks for reading my poem.
Kon Nai- thanks for encouraging me. You will see more lovely poems in a while. I promise you... :) Actually this one is a lovely poem, isn't it?

မြတ်လေးငုံ said...

ကိုအောင်သာငယ် ကျမကတော့ရငိတွင်း
ကဗျာလေးတိုင်းနှစ်သက်မိပါတယ်။
ခံစားတတ်မှရေးလို့ရသလိုပေါ့
ခံစားချက်ရှိမှခံစားတတ်မှာနော်။

အိန္ဒြာ said...

တိတ်တိတ်လေးလဲဖတ်တယ်..
တိုးတိုးလေးလဲဖတ်ကြည့်တယ်..
အသံထွက်လဲဖတ်တယ်အကို..

ရင်ထဲမှာ..လှိုက်လှဲလာလိုက်တာ...
ဖီလင်တွေ..ကြည်ပြာရောင်တောက်ပလို့

kay said...

အသံထွက်ဖတ်သွားပါတယ် ..
ကဗျာ က.. ပန်းချီ နဲ့ အပြိုင်.. လက်ရာမြောက်နေပါလာရောလား..
အဆင်ပြေ ပျော်ရွှင်ပါစေ.. အကို အောင်သာငယ်ရေး..

သုဏော်စိုင်း said...

ကဗျာကို ဖတ်ရတာ...ကြည်နူးမိပါတယ်ဗျာ..

Angel Shaper said...

သုံးကြိမ်တိတိ အသံထွက်ဖတ်သွားသည်။

mama said...

အပြာရောင်ဆေးစက်တွေနဲ့ စွန်းကွက်နေတဲ့
ကဗျာ လေး အရမ်းလှတယ်
ကြည်နူးစရာ ကောင်းပါဘိတော့

ကဗျာလှလှလေးတွေ အမြဲ ရေးနိုင်ပါစေ လို့
ဆန္ဒပြုပါတယ်