Nov 24, 2008

တက်ဂ်လို့ရေးတဲ့စာ-၁

ကျနော်ကတော့ ကျနော် ခင်မင်ရာ ဘလော်ဂါ ဘော်ဘော်တွေကိုပဲ သွားပြီး ဦးနှောက်စားခဲ့ဖူးတာ.... ကျနော့်ကိုတော့ ဘယ်သူမှ လာ မစားဘူး ... အဲလို မှတ်နေတာ... ခုတော့ လာစား ခံနေရပြီပေါ့ ...။

ဟိုးတရက်က တူမ နန်းညီ ဘလော့မှာ Walt Disney က Lion King ရုပ်ရှင်လေးအကြောင်း သူ ရေးထားတာ ဖတ်မိတော့ ကျနော်ကိုယ်တိုင်ကလည်း ငယ်ငယ်ကတည်းက Walt Disney Animation တွေဆို အရူးအမူး ကြိုက်ခဲ့... ခုထိလည်း ထွက်လာသမျှ Walt Disney ကားတွေဆို သားတွေနဲ့ အတူ ထိုင်ကြည့်ဖြစ်တဲ့အထိ ကြိုက်နေဆဲ... ဆိုတော့ ကိုယ်ကြိုက်ခဲ့မိတဲ့ ကားလေးတွေ အကြောင်း ကွန်မန့်သွားရေးမိပါတယ်။ သူက ဆီပုံးထဲ လာအော်သွားလေရဲ့... (21 Nov 08, 00:01 နန်းညီ: ကာတွန်းကားအကြောင်း ပြောပြပါဦး.. ဦးအောင်သာငယ်ကိုလည်း tag ပါတယ်) ...တဲ့... လျှာရှည်... အဲ... ကီးဘုတ် ရှည်မိတဲ့ အကျိုးအားဖြင့် ပထမဆုံး အကြိမ် tag ခံရပါတော့တယ်။ ကျနော် ကိုယ်တိုင်ကလည်း အခုတလော အလုပ်များနေတာနဲ့... ရေးပေး ရမှာကလည်း... နည်းနည်း ရှည်ရှည် ဝေးဝေးလေး ဖြစ်နေတော့ - အားတာနဲ့ ရေးပေးပါ့မယ် -လို့ တောင်းတောင်းပန်ပန် သွားပြောထားရတာ...။ ခုမှပဲ ကျနော် အားအား လျားလျား ဖြစ်နေတုန်းက သယ်ရင်း ဘလော်ဂါတွေကို သိမ်းကျုံး tag ထားခဲ့မိတာကို ကိုယ်ချင်းစာမိတော့တယ်...း)

ပြီးတော့ (နှစ်တိုင်း စာပေဟောပြောပွဲတွေ သွားနားထောင် တတ်တဲ့) ကျနော့်အတွက်တော့ အနှစ် ၂၀ အတွင်းမှာ ပထမဆုံး အကြိမ် ပြန်နားထောင်ရတဲ့ စာပေ ဟောပြောပွဲ ဖြစ်တဲ့ အယ်လေက အမျိုးသားနေ့ စာပေဟောပြောပွဲ အကြောင်းလေးကိုလည်း ဘော်ဘော်တွေကို မျှဝေပေးဖို့ အားခဲနေတာနဲ့ နောက်မှပဲ tag အတွက် ရေးမယ်ပေါ့လေ...။ စာပေဟောပြောပွဲမတိုင်ခင် တညက မိုးချိုသင်းတို့ အိမ်မှာ စုဆုံကြရင်း ကျနော် အရမ်းတွေ့ချင်ခဲ့တဲ့ ဆရာစွမ်း၊ အကိုအောင်ဝေး၊ ကိုဇာနီဝင်း အပြင် နှစ်ပေါင်းများစွာ (ဆယ်နှစ် ၁၅ နှစ် နီးပါး) မတွေ့ခဲ့ ရတဲ့ ရဲဘော် သူငယ်ချင်းတွေနဲ့ တနေရာတည်း တချိန်တည်းမှာ အားလုံးကို ပြန်တွေ့ရလို့ ကံကောင်းလိုက်တာလို့ စဉ်းစားမိလို့ ပို့စ်လေးတခုတောင် တင်လိုက်မိသေးတယ်။

ခုမှ အလုပ်ကပြန်ရောက်လို့ စာရေးမလား စဉ်းစားပြီး ကွန်ပြူတာ ဖွင့်... ကိုယ့်ဘလော့လေး ဘယ်သူတွေ လာလည်... ဘာတွေ ပြောသွားကြသတုန်း ကြည့်မိပါတယ်.. (24 Nov 08, 13:56 tututha: အစ်ကိုကြီးရေ ကံကောင်း လက်စနဲ့ ဆက်ကောင်းပြီသာ မှတ်တော့။ တခု တက်ဂ်ထားတယ် ရေးပေးနော် :)

မတူး ကျနော့်ကို ဦးနှောက်လာစားသွားလေရဲ့...

ဒါနဲ့ ဘာများလဲလို့ သွားကြည့်မိတော့ - ကိုယ့်ကိုကိုယ် မုန်းရခြင်းအကြောင်းရင်း ၁၀ ချက်- တဲ့။ ဒါနဲ့ ပြန်စဉ်းစားကြည့်မိတော့ ရေးရမှာ သိပ်မခက်ဘူးလို့ စဉ်းစားမိတာရယ်... နောက်ပြီး မြန်မြန်ရေးရင် မြန်မြန်အေးမယ်... (မဟုတ်ရင် ဆီပုံးထဲ လာအော်နေဦးမှာလေ...) ဆိုပြီး ရေးဖြစ်လိုက်ပါတယ်။

----------
သို့သော်လည်း ပေရှည် ... အဲ .... ကီးဘုတ် ရှည်နေတယ်လို့ မထင်ကြစေချင်ပါ... နည်းနည်းလောက် ပြောပြစရာ ရှိနေလို့ပါ။

ခက်နေတာ တခုက ကျနော်က ကိုယ့်ကိုကိုယ် တခါမှ မမုန်းဖူးဘူး...။ ဆိုတော့... ရေးရတာ ခက်နေတယ်။ ကျနော်က ကိုယ့်ကိုကိုယ် ချစ်ပဲ ချစ်တယ်။ ကိုယ့်ကိုကိုယ် သိပ်ချစ်ပါတယ်။ ကိုယ့်မိသားစု၊ ကိုယ့်မောင်နှမ၊ ကိုယ့်သားသမီး၊ ကိုယ့်အဆွေအမျိုးတွေ ဆိုလည်း အရမ်း.. အရမ်း...ကို ချစ်တတ်ပါတယ်။ အဲဒါကြောင့်လည်း တနှစ်မှာ ၁၂ လ... နေ့ည နာရီ... ရာသီ ၃ ရပ်... မိနစ် စက္ကန့် ... မပြတ်မလပ်... သူတို့ အတွက်ပဲ ရပ်တည်ခဲ့တယ်... ။ သူတို့ ကောင်းစားရာ ကောင်းစားကြောင်းပဲ... စဉ်းစား လုပ်ဆောင်လေ့ရှိပါတယ်...။ အဘတို့အုပ်စုလိုပေါ့ဗျာ...း)

သို့သော်လည်း... ကျနော် နောက်တခု ချစ်တာရှိသေးတယ်... ကျနော့် တိုင်းပြည်လေးကိုလည်း ကျနော် ချစ်ပါသေးတယ်... ။ ဒါကြောင့်လည်း ကျနော့် ဘလော့ရဲ့ ဘန်နာလေးမှာ ကိုယ့်တိုင်းပြည်ကို ချစ်တဲ့သူတွေအားလုံး ချစ်ကြတဲ့ ချီလီ ကဗျာဆရာကြီး ပတ်ဗလိုနီရူဒါရဲ့ ကဗျာတပိုဒ်ကို ကျနော့် အလံအဖြစ် လွှင့်ထားခဲ့တာပါ

အဘတို့အုပ်စုကရော ကိုယ့်တိုင်းပြည်ကို ချစ်သလား။


အဲဒါကတော့ ကျနော်နဲ့ အဘတို့အုပ်စု မတူတဲ့ ကွာခြားချက် တရပ်ပါပဲ ခင်ဗျာ.... ကိုယ့်ကိုကိုယ်လည်း မမုန်းတတ်... ဘယ်သူ့ကိုမှလည်း... မမုန်းတတ်တဲ့ ကျနော်ကတော့ အဘတို့အုပ်စုကိုတော့ မုန်းမှ... မုန်းပဲဗျာ...။ အဲတော့ - ကိုယ့်ကိုယ်ကိုယ် မုန်းရခြင်းအကြောင်းရင်း ၁၀ ချက် - အစား - အဘတို့အုပ်စုကို မုန်းရခြင်း အကြောင်းအရင်း တသန်း - ဆိုပြီးတော့သာ ကျနော် သိသိသမျှ ဘလော်ဂါတွေကို tag လိုက်ချင်တော့တာပါပဲ... ။ အဲလိုဆို ဘယ်လိုနေမလဲလို့ စဉ်းစားမိတယ်...။ tag မခံရတဲ့ ဘလော်ဂါတွေကတောင် လိုက်ရေးကြဖွယ်ရာ ရှိပါတယ်... ။
----------
ထားပါတော့လေ... အခုတော့ တက်ဂ်ထားတာကို တကယ်ရေးပါပြီ...
အထက်က ဆိုခဲ့သလို ကျနော်က ဘယ်သူ့ကိုမှလည်း မမုန်းတတ်... ကိုယ့်ကိုကိုယ်လည်း မမုန်းတတ်တော့...
ကိုယ့်ကိုကိုယ် မုန်းရခြင်းအကြောင်းရင်း ၁၀ ချက်- အစား - ကိုယ့်ကိုကိုယ် မကြိုက်သော အကြောင်းရင်း ၁၀ ချက်- လို့ ရေးပါရစေ ... မတူးရေ့ ...
----------
၁။ ကိုယ့်အဖို့ ခိုင်လုံသော ယုံကြည်လောက်သော အကြောင်းအချက် တစုံတရာ မရှိလျှင် မည်သည့် အရာကိုမျှ မယုံကြည်တတ်ခြင်း။
၂။ မည်သည့် အကြောင်းပြချက်မျှ မရှိပဲ ချစ်ခြင်းမေတ္တာကို အကြွင်းမဲ့ ယုံကြည်တတ်ခြင်း။
၃။ ၀မ်းနည်းစရာရှိလျှင် မျက်ရည် မဆည်နိုင်အောင် ၀မ်းနည်းတတ်ပြီး ၀မ်းသာစရာရှိလျှင် မည်သည့် စကားမျှ ပြောမထွက်အောင် ၀မ်းသာတတ်ခြင်း။ (စိတ်ခံစားမှုကို မထိန်းချုပ်နိုင်ခြင်း)
၎။ ကမ္ဘာပေါ်ရှိ ရှိရှိသမျှ အတတ်ပညာများအားလုံးကို တတ်မြောက်လိုခြင်း။
၅။ အလွန်အကျွံ လွမ်းဆွတ်တတ်ခြင်း။ (ကျနော် ငယ်တုန်းက အဖွား-သို့မဟုတ်- အဒေါ် တယောက်က - သီချင်းဆိုသိပ်ရင် - လူကလေးရဲ့ အိပ်ချိန်တန် ... ပဲ ရှိသေး... ဗျိုင်း - တောင် မပျံ ရသေး ကျနော် ငိုနေပြီ... လို့ ပြောပြဖူး... ခုလည်း အဲလိုပဲလား မသိ... ကျနော့် သူငယ်ချင်းတွေကတော့ ကျနော့်ကို ဧရာဝတီတိုင်းက ဘောလုံးသမားလို့ ခေါ်ကြတယ် -း)
၆။ အရွဲ့တိုက်တတ်ခြင်း။
၇။ ဒေါသကြီးလွန်းခြင်း။
၈။ လောဘကြီးလွန်းခြင်း။
၉။ တခါတရံ ကြမ်းတမ်းသော စကားများ (ဆဲဆိုသော စကားများ) ပြောတတ်ခြင်း။
၁၀။ အရာရာ အားလုံးကို နေသားတကျ စနစ်တကျ သပ်သပ်ရပ်ရပ် ရှိနေ ဖြစ်နေစေလိုခြင်း။
----------
ခုတော့ ကိုယ့်ကိုကိုယ်ဖော် မသူတော်တွေထဲ ကျနော်လည်း ပါသွားပြီလား မသိ...။
----------
မသူတော်ဖြစ်စေဦး ကိုယ့်တိုင်းပြည်ကို ချစ်တဲ့သူတယောက်ဆိုတာတော့..... ..... ..... ..... .....

20 comments:

:P said...

ဧရာဝတီတိုင်းက ဘောလုံးသမား ဆိုတာ ဘာလဲဟင်..
ခေါင်းစားတွားဘီ...:(

ATN said...

sin dan lar - ပထမဆုံး လာဖတ်သွားလို့ ပြောပြတာ ဧရာဝတီတိုင်းမှာ နံမည်အကြီးဆုံး ဘောလုံးသမား (အဲခေတ်က ပြောပါတယ်) နံမည်က... ငိုကြီး...တဲ့...း)

mama said...

အချက် ၁။ ၂ နဲ့ ၁၀ ကတော့ ကြိုက် သင့်တယ် ထင်တာပဲ...။
ဘာလို့ မကြိုက်ရတာလဲ.. နားမလည် နိုင်ဘူး...။
အင်း......... အချက် ၅ လဲ မဆိုးဘူး...
ကဗျာလှလှတွေ ရနိုင်တယ်....
..သေချာ ပြန် စဉ်းစား ပါအုံး.....
ဒီအချက်တွေ က သေချာရဲ့လားလို့ ....
(နံပါတ် ၄ က တော့ ကိုယ်နဲ့ တူနေလို့ မဝေဖန်တော့ဘူး...း))

Unknown said...

အတွေးကော အရေးပါကောင်းတယ်ဗျာ။ LAကိုလာသွားသကိုး မတွေ့တာ နာသဗျာ။

tututha said...

ကျေးးဇူးအရမ်းတင်ပါ၏။ တကယ်က တူးလည်း ကိုယ့်ကိုယ်ကိုယ် မမုန်းဘူးလေ။ အဲဒါကြောင့် ပေါက်ကရလျှောက်ရေးရတာ :P

Nyein Chan Aung said...

ကိုယ့်ကိုကိုယ်မုန်းရတဲ့အကြောင်းတွေဖတ်သွားတယ်..။

ဆောင်းယွန်းလ said...

အကိုနဲ့ကျနော်နဲ့ကနံပါတ်၎အချက်ကလွဲရင်အားလုံးနီးပါး
တူတယ်ဗျ....
ကျနော်ကမတတ်ချင်တာတွေများတယ်..တတ်ရမှာပျင်းတတ်လို့အကိုရေ...

Moe Cho Thinn said...

နံပါတ် ၂ နဲ့ ၃ က အကိုနဲ့ ချိုသင်း တူတယ်။

ယောနသံစင်ရော် said...

အဘတို့ကိုမုန်းရခြင်း - တသန်း..
ဟဲဟဲ မိုက်တယ်ဗျို့

mirror said...

အစ်ကိုတို့ကတော့ကွယ်...စာတွေများရေးတတ်လိုက်တာ..
နံပါတ် 6 နဲ့ 8 ကလွဲရင် ကျန်တာတွေတော်တော်များများမှာ
တူနေတတ်တယ်...
1 နဲ့ 10 ဆိုလုံးဝတူတယ်...အဲ့ဒါတခါတလေကျတော့ ပင်ပန်းရလွန်းတယ်အစ်ကိုရ...
ဒါပေမယ့် ညီမကတော့ ကြိုက်တယ် အဲ့ 2ခုလုံးကို......

Anonymous said...

လူတိုင်းက ကိုယ့်ကိုယ်ကိုအချစ်တတ်ဆုံးဘဲ၊ အကိုပြောတာမှန်တယ်။ ကိုယ့်ကိုယ်ကိုမမုန်းဘူးဆိုတာ၊ ပညတ်တော်၁၀ပါးပြီးတော့ ကိုယ့်ကိုကိုယ် မကြိုက်သော အကြောင်းရင်း ၁၀ ချက်ပေါ့၊

ခေါင်ခေါင် said...

ကိုအောင်သာငယ် ...
၁ က နေ ၁၀ ထိ အကုန်လာတူနေတယ်...
ဘယ်လိုလုပ်မလဲ
............
ခေါင်ခေါင်က တော့ ၁၀ ချက်နဲ့ မလုံလောက်ဘူး..သိလား.. :)

kay said...

သူများတွေ က..တူတာတွေ ပြောလို့..လိုက်ရှာကြည့်တာ- နံပတ် ၁၀ တချက်ပဲ..နဲနဲတူတယ်။ ကျမလည်း..ရှင်းလင်းရေး..သန့်ရှင်းရေး တအား ခရေစီဖြစ်တယ်။ အယ်လ် အေ အတွေ့အကြုံ ရှင်းလင်းပွဲ လည်း..စောင့်မျှော်နေပါတယ်။

pandora said...

အချက်အားလုံးက ဒီလောက်တောင် မုန်းစရာကောင်းလို့လား။ ဘာဖြစ်ဖြစ် ကောင်းတဲ့အချက်တွေကလည်း တော်တော်ကောင်းလို့ ပြန်ကျေသွားတာဖြစ်မယ်။ :)

ကိုအောင် said...

အကိုတို့ဖက် အလည်လာဖြစ်ရင် အကိုအိမ်မှာ တည်းဖို့
အကိုစည်းကမ်းတွေ ကျနော် ကြိုဖတ်သွားတယ်
အကိုကြီးရေ။

လင်း said...

တူတယ် အကိုရေ ၂၊ ၅

ကိုရင်နော်ခင်လေးငယ် said...

ဘောသမားကြီး ကိုအောင်သာ
လောဘကြီးလွန်းပြန်
ဒေါသကြီးလို့ အရွဲ့တိုက်တော့
တားတားကြောက်ကြောက်ပေါ့...
မီးမီးလေးလည်းပြေးပြီဟယ်
လိုက်တော့ရိုက်နဲ့ကွယ်....!!

သက်ဝေ said...

အကို ကိုယ့်ကိုယ်ကို မကြိုက်တဲ့ အချက်တွေက ဒီလောက်ကြီးတော့ ဆိုးပါဘူးလေ...။
သက်ဝေနဲ့ တူတာကတော့ ၁ ရယ်၊ ၁၀ ရယ်...။

Anonymous said...

နောက် တခု နှစ်ခုလောက် ထပ်ဖြည့်လိုက်ရင် ကျွန်တော်နဲ့ တူနေသလိုပဲ။ (ဒါပေမယ့် အဲဒီအကြောင်းအရာတွေကိုပဲ ကျွန်တော် မြတ်မြတ်နိုးနိုး ဖြစ်နေတာလားတော့ မသိဘူး) ကျွန်တော်ကိုယ်၌က လွန်လွန်းနေသလားပဲ။

ATN said...

မမ - ရေးချင်တာ လျှောက်ရေးတာပါဗျာ... တကယ် မဟုတ်...
ပြတိုက် - နောက်တနှစ်ကျ တွေ့ကြတာပေါ့ဗျာ...
မတူး - နောက်ထပ် ကံကောင်းအောင် လုပ်ရင်တော့ တကယ် စိတ်ဆိုးပြီ...
ငြိမ်းချမ်းအောင် - ဖတ်သွားတာ ကျေးဇူး...
ဆောင်းယွန်းလ - အားလုံးနီးပါးတူရင် မကောင်းဘူး ထင်တယ် ကိုယ့်ညီ...
ချိုသင်း - တူရမှာပေါ့လေ ... မောင်နှမတွေပဲဟာ ...
ယောနသံစင်ရော် - အမှန်တော့ တသန်း မကဘူး ...
မစ်ရား - မြှောက်ပေးမနေနဲ့ ... ခရစ်စမတ် လက်ဆောင်ပေးဖို့ ... ပိုက်ပိုက်... ပြတ်နေတယ်...း)
ကမာနီလာ - အခုထက်ထိလည်း ချစ်တုန်း...း)
ခေါင်ခေါင် - ၁၀ ချက်နဲ့ မလောက်ရင်တော့ သိပ် မကောင်းဘူး ထင်တယ် ငါ့ညီမ ပြန်စဉ်းစားဦး ...း)
မကေ - ရင်ဘတ်တူတဲ့ သယ်ရင်း အချင်းချင်းတွေ တခုလောက်တော့ တူသင့်တာပေါ့ဗျာ...း)
မပန် - ဒွန္နယာကြီးကိုးဗျ.. အကောင်း အဆိုးလေးတွေ တွဲလျက်ပေါ့...း)
ကိုအောင် - လာလည်လေ ညီလေး... အချိန်မရွေး U R welcome! အကို့ အိမ်မှာတည်းရင်တော့ အကို့သားလေးတွေ ၀ိုင်းထိန်းပေးရမှာနော် ...း)
လင်း - သြော ... ၂ ခုထဲပေါ့...
ကိုရင်နော်ခင်လေးငယ် - ၂၁ ရာစု သင်ပုန်းကြီးဖတ်စာသစ် ရေးပါ့လားဗျ...း)
သက်ဝေ - ကောင်းတာလေးတွေပဲ တူတာ ကောင်းပါတယ် ညီမရေ့ ...း)
ဝင်းတင့်ဟန် - ငါ့ညီ ... မြတ်မြတ်နိုးနိုးကို လွန်လွန်လွန်းလွန်း ဖြစ်နေတာဖြစ်မယ် ... ကျုပ်ကျက်လိဦး...း)