Nov 30, 2008

လွမ်းသင့်ဝေသီ

ကြွေပြီ... ပုန်းညက်...
လွမ်း... ခ... သင့်... ရက်... စွေ...
ဖြေ... သိမ့်... ထွေး... နွေ... နေနိုင်စေသား...
နွမ်းလျတဲ့... ဘ၀... နွေ...
ချွေး... သိပ်ခဲ့ပြီ...မေ...
ညှိုးလျော့ခဲ့... ခြေ... တလှမ်းဟာ...
ရင်နာ... ရွာ... ပြန်... မလှည့်ဘူး...မေ...
ချစ်... ခွင့်ထူးခံ... ဆု... ပန်မယ့်... ယောက်ျားထဲ ...
ကိုယ်... မပါနေဆဲပါ...

လွမ်း... သင့်... ဝေ... သီ....
လွမ်း... .... သင့်... ဝေ... သီ...
လွမ်း ... .... .... သင့်... .... ဝေ... ... သီ... ...
လွမ်း... သင့်... ဝေ... သီ....
လွမ်း... .... သင့်... ဝေ... သီ...
လွမ်း ... .... .... သင့်... .... ဝေ... ... သီ... ...

ဝေသီ... ညှိုး... ရက်...
စိုး... သက်... ပင့်... ရှိုက်... ငင်...
နွေ... စိမ့်... စမ်း... ရေ... သွင်နိုင်စေသား....
ဖူးဆဲ... အပွင့်... လန်းနေရှာ...
လွမ်း... စကား... သင့်... နွမ်း... သည်လေ...
ဆန်းပြားခဲ့... အတိတ်... လမ်းမှာ...
ဝေဒနာ... ရွာ... တည်ဆောက်.. ဆဲ... လေ...
အမုန်း... ခွင့်ထူးခံ... ဆု... ပန်မယ့်... ယောက်ျားဟာ...
ကိုယ်... တယောက်ထဲပါ...

လွမ်း... သင့်... ဝေ... သီ....
လွမ်း... .... သင့်... ဝေ... သီ...
လွမ်း ... .... .... သင့်... .... ဝေ... ... သီ... ...
လွမ်း... သင့်... ဝေ... သီ....
လွမ်း... .... သင့်... ဝေ... သီ...
လွမ်း ... .... .... သင့်... .... ဝေ... ... သီ... ...
လွမ်း... သင့်... ဝေ... သီ....
လွမ်း... .... သင့်... ဝေ... သီ...
လွမ်း ... .... .... သင့်... .... ဝေ... ... သီ... ...

ကျနော် ကြိုက်တဲ့ ကဗျာဆန်တဲ့ နောက်ထပ် သီချင်း တပုဒ်ကို မျှဝေတာပါ။
(ထုံးစံအတိုင်း) - မင်းဒသ - ရေးပြီး - ဖိုးချို - ဆိုခဲ့တာပါ။



ပျံသန်းရင်းက ... လွမ်း... သင့်... ဝေ... သီ... သွားကြတဲ့ ငှက်ကလေးတွေရဲ့ အသံလည်း ကြားကြမယ် ထင်ပါရဲ့ ....

15 comments:

zarny win said...

အင်မတန်ကောင်းတဲ့သီချင်း။ ချစ်ခွင့်ထူးခံ ဆုပန်မယ့်ယောက်ကျားထဲ ကိုယ်မပါနေဆဲပါ တဲ့။
ဒီဆရာ မင်းဒဿက မြေနီကုန်းမှာ နေတယ် ပြောတာပဲ။ တခါမှ မဆုံဖြစ်ခဲ့။

သူရေးပြီး ဖိုးချိုဆိုတဲ့နောက်တပုဒ်က ပြန်လည်တမ်းတခြင်း ဆိုလားပဲ ခေါင်းစဉ်က။

တို့ရင်မှာနွေးထွေး၊ အကြင်နာဆုံး ပါးမို့မို့မှာ
ဘယ်ညာလူးလိမ့် ဖက်နမ်းတော့
သနပ်ခါးလေးပွန်းပဲ့ရှာ တဲ့

အဲဒီထဲက စာသား။ သီတာစမ်းကလေးရဲ့၊ ကမ်းနဘေးမှာ၊ အလွမ်းတေးဖွဲ့ဆို တဲ့ ပထမပိုဒ်မှာ။ ခန့်မှန်းရတာကတော့ သူက ကဗျာတွေကို သံစဉ်ထည့်ထားပုံရ (စာသားကို အရင်ရေးပုံရ)။ ကာရန်တွေ နဘေတွေနဲ့မို့ ဆိုလို့ နားထောင်လို့ ကောင်းတာအမှန်ပဲ။

ဖိုးချိုတို့ကို အခုခေတ် ကောလိပ်ကျောင်းသားတွေ မသိတော့ဘူး။ အခုခေတ်ယူအက်စ်က ကောလိပ်ကျောင်းသားတွေ hotel california သီချင်း မသိသလိုပေါ့။

ထီးဆိုင်သီချင်းထဲကလိုပါပဲ- အခန်းထောင့်ကစားပွဲပေါ်တင်ထားတဲ့ ဆုတံဆိပ်တွေ ဖုန်တက်တော့ အောင်မြင်မှုဟာ မနေ့ကကျန်ခဲ့ပြီ တဲ့။

စကားစပ်လို့ ပြောရရင် ကျနော့်အခန်းထောင့်မှာတော့ ဆုတံဆိပ်တွေ မရှိ။ စားပွဲလည်း မရှိ။
တကယ်တော့ ကျနော့်မှာ အခန်းလည်း မရှိပါဘူး၊ သူများအခန်းမှာ ကပ်နေတာကိုး။း)

ဗွီဒီယိုကို ဘာနဲ့ လုပ်သလဲ။ window movie maker ပရိုဂရမ် သုံးသလား။ အဲဒါက အခမဲ့ ဒေါင်းလုတ်လုပ်လို့ရ။

သီချင်းတွေကို အဲသလို တင်တာ ကောင်းတယ်ဗျာ။ အလုပ်မရှုပ်တော့ဘူး။ အသံဖိုင်ချည်းတင်ရင် အလုပ်ပိုရှုပ်မယ် ထင်တယ်။ အခုပုံစံက ရှုပ်တာချင်းတူလည်း တခြား ၀က်ဆိုက်တွေ အားကိုးဖို့မလိုတော့ဘူး။ blogspot ကိုပဲ အားကိုးရုံပဲလေ။

ကျနော်လည်း သီချင်းတော့ တင်ချင်ပါရဲ့။ ကြိုက်တဲ့သီချင်း သိပ်များနေတော့ တင်ဖြစ်တော့မယ် မထင်ဘူး။

ခင်ဗျားရဲ့ ကမ်းခြေတွေအကြောင်းပို့စ်မှာ ဒေါ်ဗြောင်လိမ်ကို လင့်လုပ်ပေးလိုက်တာ ကျနော်တော့ မကြိုက်ဘူး။ [ ဒီစာရေးနေတဲ့အချိန်မှာတော့ အင်း-ဘာမှမဖြစ်ပါဘူးလို့တော့ စဉ်းစားမိပါတယ်။ ] ကျနော်လည်း ကလစ် သွားလုပ်လိုက်သေးတယ်။ ဘယ်ကိုရောက်တော့မှာပဲလို့ ထင်တာ မှန်သွားတယ်။

မကြိုက်ဘူးဆိုတာက တခြားကြောင့်မဟုတ်ဘူး။ ရေးထားတာက တော်တော်လေး အဆင်ပြေတယ်။ အဲဒီ လင့်လုပ်ပေးထားတဲ့စာကြောင်းကြောင့် အရသာပျက်သွားသလိုဖြစ်တယ်လို့ ထင်တာပဲ။

လက်ဖက်သုတ်ကုန်ခါနီးမှ ဆားခဲ သို့မဟုတ် ကျောက်ခဲ ၀ါးမိသလိုမျိုး။

လက်ဖက်သုတ် မမြင်ရတာ ကြာပြီမို့ ဥပမာထဲ ထည့်ပစ်လိုက်တယ်။ အေးရော။

း)
zarnywin

Welcome said...

နားထောင်သွားပါတယ်...
အကြိုက်တွေပါပဲ

http://winzaw-mdy.blogspot.com

ခေါင်ခေါင် said...

ကြားပါတယ် ပျံသန်းရင်းက လွမ်း....သင့်.....ဝေ...သီ သွားတဲ့ ငှက်ကလေးတွေရဲ့ အသံကို....

ကိုအောင် said...

ဌက်ကလေးတွေရယ့် တေးသံကို လာနားထောင်
ပါတယ် အကိုရေ။

ATN said...

ကိုဝင်းဇော်၊ ခေါင်ခေါင်၊ ညီ ကိုအောင် - နားထောင် သွားကြတာ ကျေးဇူးပါ။

ကိုဇာနီ - ပြန်လည်တမ်းတခြင်း-က ကျနော် မသိတော့ဘူး။ ကျနော် ထွက်လာပြီးမှ နောက်ထွက်တဲ့ သီချင်းတွေ ခုထိ နားမထောင်ဖူးသေးဘူးလေ။ ဒါမဲ့ မင်းဒသ သီချင်းတွေကိုတော့ အလွန်တရာ ကြိုက်ခဲ့တာပါ။ ကဗျာတွေကို သံစဉ်ထည့်ထားတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကဗျာဆန်တဲ့ သီချင်းတွေလို့ ခံစားမိတာ။
ကျနော့် ကျောက်ခဲကို ရှာတွေ့သွားတဲ့ အတွက်လည်း အထူး ကျေးဇူးတင်တယ်ဗျာ...။ ကိုယ့်ဆရာတယောက်ပဲ ကျနော့်ကို ထောက်ပြသေးတယ်။
နောက်တခါအတွက် ကျောက်ခဲတွေ မပါအောင် ကျနော် ရှောင်လို့ ရသွားပြီ။

mama said...

ဖိုးချို သီချင်းတွေ အတော်ကြိုက်တဲ့ပုံ ပဲနော်...။
နားထောင်ကြည့်ပါ ဆို လို့ နားထောင်ကြည့်တော့လဲ
အကောင်းသား...။

Anonymous said...

အိုးးးးးး ဖိုချိုဆို လာထားပဲ..."မင်း ..ဘယ်လမ်းသွား...သွား" round cord နဲ့ တီးပြီး ... ထောင်ကာလို ပတ်ချာလှည့် တီးပြလိုက် ဦးမယ်၊ နို့ စကားမစပ် ... မင်းဒဿ နဲ့တော့ သိသားဗျ ထွန်းခိုင်တို့ ၃၅လမ်းအိမ်မှာ ခင်မောင်ညွန့် (ချစ်ကောင်း) နဲ့ တွဲနေတုန်းက ကြာတော့ ကြာပါပြီဗျာ...။

ATN said...

မမ - နားထောင်တာ ကျေးဇူးပါ..
ဒူကဘာ - အတူတကွ ဂစ်တာတီးချင်လိုက်တာဗျာ... မင်းဒသနဲ့ သိတယ်ဆိုတော့ စိတ်ဝင်စားသွားပြီ... ဒူကဘာ့ဆီ မေးရဦးမယ်... သူ့ အကြောင်း..

Anonymous said...

ရာဇာနီဝင်း ပြောမှ..အဖော်ရလို့..လိုက်ပြောလိုက်အုံးမယ်။ ဟုတ်တယ်..အဲဒီကမ်းခြေက..ကျောက်ခဲဝါးမိတယ်။ အကြောင်းအရာ ၂ခု ကို ဗြုန်းကနဲ..ဆက်စပ်ပြစ်လိုက်တာ..အပေါ်က..ကမ်းခြေရသလေးတွေ..ပလုံ သွားတယ်။ ကဗျာဆရာဆိုတော့..သရော်တာတောင်.. ကဗျာဆန်ဆန် သရော်ချင်ဟန်တူ၏

ATN said...

မကေ - ဟုတ်ပါ့ဗျာ... ခုပြန်ဖတ်မိလေ.. ပလုံ ပလုံ ဆိုပြီး ကြားလေ ဖြစ်နေတယ်း(

m a w k o e said...

တခါတုန်းက
ကျွန်တော်တို့ရဲ့ အုတ်ခုံပေါ်ကညတေးလေးများ
ညတွေမှာ . .
ဒီသီချင်း (လွမ်းသင့်) ဟာ မပါမဖြစ်ပါပဲ
စာသားတွေ ၀ါးတားတားဖြစ်နေလို့ လိုချင်နေတာကြာပါပြီ
ကိုအောင်သာငယ်ကို ကျေးဇူးအထူးတင်ပါတယ်။ ။

m a w k o e said...

သီချင်းဖွင့်တဲ့အခါ တခါတလေအသံမလာပါ
တခြား Audio ဖိုင်တွေလာပြီး ဒီ Blog ထဲက ဖိုင်တွေတခါတခါ မလာတာ ဘာကြောင့်ပါလိမ့် ???
When the Children Cry လဲ အဲသလိုဖြစ်ဖြစ်နေသဗျ။

Anonymous said...

mawkoe > ဆောရီးပါဗျာ...
ကျနော့် ဘလော့က ဗီဒီယိုဖိုင်တွေ
များနေလေသလား မသိ...
ကျနော်ကိုယ်တိုင်လည်း
တခါတခါ ဖွင့်လို့ မရဘူး ခင်ဗျ...
Server တွေပဲ down နေလေသလား...

အောင်သာငယ်

Sanay Mg Mg said...

အဲဒီသီချင်းဟာ မင်းဒဿ ရေးခဲ့တာမဟုတ်ပါဘူးဗျာ။
ဆလိုင်းသွအောင် ကိုယ်တိုင် ရေး ကိုယ်တိုင် ဆိုခဲ့တာပါ။

ဆလိုင်း သွအောင်ကို ကြားဖူးကြရဲ့လား။ မြိုင်တန်းစံ ပန်းတစ်ပွင့်ကိုလည်း သူကိုယ်တိုင်ပဲ ရေးဆိုခဲ့တာ။ ပြီးမှ လမ်း (၅၀) မှာ ဖိုးချို တို့ အုတ်ခုံပေါ် သီချင်းဆိုရင်း နဲ့ နာမည်ကြီးသွားတာ။ ပြီးမှ ဝေးလွင့်ခြင်းခြေရာ အမှတ် (၁) နဲ့ (၂) ဆက်တိုက်ထွင်ပြီးဆိုလာခဲ့ကြလို့ စင်ပေါ်မှာ ဖိုးချို ဟာ အလွမ်းသီချင်းတွေ အတော်ဆိုလာပါလားဆိုပြီး.. နာမည်က နေ လွမ်းသွားတာ။

ဒါဟာလည်း ရေကျော်သားတစ်ယောက် အနေနှင့် သိသလောက် ၀င်နှောင့်ယှက်တာပါ။ ဟုတ်မှလည်း ဟုတ်မှာပါလေ။ မဟုတ်တော့လည်း မဟုတ်လို့ပေါ့။ ခင်မောင်ညွန့် (ချစ်ကောင်း)ကို မေးကြည့်ပါ။ အိမ်ကြီးလမ်းက ဘယ်သူ့ကို သူ ဘယ်လောက်ထိ ပိုးခဲ့ရသလဲလို့။

ATN said...

ကို -

ဆလိုင်းသွအောင်ကို ကောင်းကောင်းသိပါတယ်... ဂျွန်သင်ဇမ်းနဲ့ သွအောင်က တွဲလျက်ပါ...

သူနဲ့ဂျွန်သင်ဇမ်းပေါင်းပြီး ထုတ်ခဲ့တဲ့ ပထမဆုံးသော ဆီးရီးစ် - အရိုင်းမြေမှ တောင်ပံလေးများ - ကို ကျနော် သိပ်နှစ်ခြိုက်ခဲ့ဖူးတာပေါ့။ သည်တုန်းက Christ Stone Family ဆိုပြီး band ဖွဲ့ခဲ့တာ စောဘွဲ့မှူးကြီးလည်း ပါသပေါ့။ ဝေးလွင့်ခြင်းခြေရာက နောက်မှ ထွက်လာတာပါ။

ဖိုးချိုသီချင်းစာအုပ်မှာကတော့ ရေး-မင်းဒသလို့ တွေ့ရတာကိုး။ ဒါကြောင့်မို့ မင်းဒသ လို့ ရေးလိုက်တာပါ။ ဆလိုင်းသွအောင် ရေးခဲ့တာဆိုရင် ဖိုးချိုစာအုပ်မှာ ဘာလို့ မင်းဒသလို့ ဖြစ်နေရသလဲ မသိ။ စာစီပဲ မှားခဲ့လေသလား။