Aug 4, 2009

အချစ်သီချင်း (ဒုတိယအကြိမ်)

ဟိုးတလောက keyboard နဲ့ တီးခဲ့ဖူးတဲ့ အချစ်သီချင်း ပါ။ ပထမအကြိမ်ကတော့ အဆိုမပါ အတီး သက်သက်။

ခုတော့ ဘေးအခန်းက ငတိ ၂ ယောက်လည်း မရှိတုန်း၊ ဆိုချင်စိတ်လည်း ပေါက်နေတုန်းမို့ မကျေပွဲနွှဲပြီး ဆိုလိုက်ပါတယ်။

သည်းခံခွင့်လွှတ် နားဆင်ကြပါ။

Get this widget | Track details | eSnips Social DNA

19 comments:

Anonymous said...

good!

Moe Cho Thinn said...

အချစ်ဆိုတာ ပျော်ရွှင်စရာများနဲ့အတူတူ
ပူဆွေးမှုများလဲ သူခေါ်ခဲ့တယ်...

(အကိုနဲ့အတူ သီချင်းလိုက်ဆိုလိုက်ပါတယ်)

Anonymous said...

အင်အားမဟာ အချစ်အတွက် ရူးသွပ်ခြင်းလို့ ခေါ်ချင်
ခေါ်တော့ကွယ်...

ဟုတ်တယ် အကို...
မကျေပွဲနွှဲပြီး ဆိုထားတဲ့အကို့သီချင်းကို မကျေပွဲနွဲပြီး နားထောင်သွားပါတယ်...

အ၇မ်းကောင်းတယ် အကိုကြီး... ပြောစရာကို မလိုပါ..
နောက်လည်းအားရင်ဆိုပါဦး...၀မ်း စ မိုး....

mie nge

MANORHARY said...

မုန်တိုင်းထဲမှာပွင့်တဲ့ပန်းလို
ကြွေမွသွားခဲ့စဉ်
အချစ်မျက်နှာလေး ယောင်ကာအိပ်မက်မက်တယ်
ပတ်ဝန်းကျင်လှည့်ကြည့်မိတော့
တမ်းတတဲ့သူ ကိုယ်တစ်ယောက်တည်းးးးးးးးးး
...ငယ်ကတည်းက စွဲခဲ့တဲ့သီချင်းပဲ..
ခုတလော..ခိုင်ထူးသီချင်းတွေကိုလွမ်းနေတယ်..

လင်းထက် said...

သီချင်းကတော့ နားထောင်လို့ ကောင်းပါ့ဗျာ..
ဒါပေမယ့် အကိုကြီးက ရုပ်နဲ့အတီးပါရင် အဆိုမပါ အဆိုပါပြန်တော့ ရုပ်မပါ နဲ့ နောက်တစ်ခါ ဆိုရင် ရုပ်ကော အတီးကော အဆိုကော ပြည့်ပြည့်စုံစုံ တစ်ခါထဲ တင်ပေးပါ..။

kay said...

ဟိုးတပတ်က ကြည့်လိုက်ရတဲ့.. Gran Torino ထဲက..Clint Eastwood ရဲ့ နောက်ဆုံးသီချင်းက..အသံ အတိုင်းပဲ။း)

နောက်တာ..အရမ်းကို ကောင်းပါတယ်။ ဂီတပညာရှင် မဖြစ်ခဲ့တာ..စိတ်မကောင်းဘူး။

:P said...

ပန်မဖြစ်တဲ့ အချစ်ရဲ့ အရိပ်လေးတွေ ၊ ရင်ထဲမှာ တစတစစီကြွေ... ငိုတော့မယ့် မျက်ရည်လည်လာတတ်ပြီ..။

မမချိုသင်းနဲ့မတူအောင်ဆိုသွားသည်။

နဒီမိုးညို said...

အစ်ကို..ရေ..
အသံလဲ..ကောင်းတယ်..သီချင်းလဲ..ကောင်းတယ်..နော်.
ကဗျာတစ်လှည့်..သီချင်းတစ်လှည့်တာတင်နော်
အားပေးနေတယ်..နဒီ..က..သီချင်းသရဲလေ..ဟီးးး

လင်းနေကို said...

သီချင်းလေး ကောင်းတယ်ဗျာ

ကလူသစ် said...

သည်းခံပါတယ် သည်းခံပါတယ် :)

Nge Naing said...

ကိုအောင်သာငယ်
ဘယ်က အဆိုတော်လဲလို့ ဒီလောက် အသံကောင်းမယ်လို့ မထင်ထားဘူး အသံသိပ်ကောင်းတာပဲ။

ကိုလူထွေး said...

အကြိုက်ဆုံးသီးချင်းတပုဒ်ဗျ...
ခဏခဏ နားထောင်ဖြစ်တယ်...

"ငိုတော့မယ် မျက်ရည်လာတတ်ပြီ..."

မဖြစ်သေးဘူး... သူများတွေ မမြင်ခင် လစ်မှ...

းဝ)

ကိုလူထွေး said...

ပတ်ဝန်းကျင်လှည့်ကြည့်မိတော့ ရှိနေတာ တမ်းတတဲ့သူ တယောက်ထဲမို့

နောက်တခေါက် ပြန်လာပါတယ်...

"ငိုတော့မယ် မျက်ရည်လည်လာတတ်ပြီ
အချစ်ဆိုတာ ပျော်ရွှင်စရာများနဲ့အတူ
ပူဆွေးမှုများလည်း သူခေါ်ခဲ့တယ်..."

မိုးသောက်ယံ said...

အကိုရေ ဗဟုသုတဝေးလို့ အရင်က ဒီသီချင်းလေးကို မကြားခဲ့မိဘူး .. ခု အကိုဆိုထားတာ နားထောင်ရတော့ တော်တော်လေး ကြိုက်မိတယ်အကို .. အကိုက အဆိုကောင်းအတီးကောင်းပဲ :)

kiki said...

ခိုင်အောင်သာထူးငယ် ...
ဟဲ ဟဲ ..ဆီးရီးစ် ထုတ်ဖို့  အဆိုတော် နာမယ် ပါ တခါတည်း ရွေးပေးလိုက်တယ် ..

မကြိုက်သေးရင် ပြောနော် ..
နောက်တမျိုး ရှာပေးမယ် ..

Nai Banya said...

လုပ်ပါအုံး သီချင်းလေးတပိုဒ်နဲ့ပန်းလေးတဆုတ်

စည်သူ said...

အရမ်းကောင်းတယ်ဗျာ...

တီးလုံးလေးကို အရမ်းသဘောကျတယ်..

အပေါ်က ပြောသွားသလိုပေါ့.. အဆိုရော အသံရော

လူပါ ပါရင် ပိုပြည့်စုံသွားမယ်ဗျာ..

ခင်မင်စွာဖြင့်
စည်သူ။

Anonymous said...

၁၈ ယောက် မြောက် ဖြစ်တဲ့ ကျွန်တော် သိန်းထွန်းဇံ က လည်း အလွန် အမင်း ကြိုက်နှစ်သက် ကြောင်း အတိ အလင်း ပြောခဲ့ ပါသည် ခင်ဗျာ။

December Cinderella said...

Facebook မှာလဲ မန့်ပြီးပြီ။ ကောင်းကြောင်း ထပ်ပြောချင်သေးလို့ ။

အဘငယ်ရဲ့
Cyn Cyn