Sep 18, 2009

ကြိုးတချောင်းသေဆုံးသွားသောအခါ













ဆေးအဖြူ ကုန်သွားတဲ့ ပန်းချီဆရာပါ...
အရောင်တွေကို ဖျော့ချလို့ မရတော့ဘူး...
ခုတော့ အမှောင်ထဲမှာပဲ ကဗျာစပ်နေတယ်...

ဘက်ထရီ ဒေါင်းသွားတဲ့ ကားတစီးပါ...
ခရီးသည်တွေ မတင်နိုင်သေးဘူး...
ခုတော့ လမ်းဘေးမှာ သီချင်းထိုင်ဆိုနေတယ်...

တစ်ကြိုးတချောင်း ပြတ်သွားတဲ့ ဂစ်တာပါ...
အသံစုံအောင်တီးလို့ မရတော့ဘူး...
ခုတော့ ရုပ်ရှင်ရုံတွေဘက် လမ်းလျှောက်ထွက်သွားတယ်...

ပစ်ရင်း ခတ်ရင်း ခြေပြတ်သွားရတဲ့ စစ်သားပါ...
တိုက်ပွဲတွေကြားကလည်း ထွက်ပြေးလို့ မရတော့ဘူး...
ခုတော့ သူ့ထာဝရဘုရားနဲ့ သွားတွေ့နေတယ်...

မုန်တိုင်းကြားမှာ ကြေမွသွားတဲ့ ပန်းတပွင့်ပါ...
ဓါတ်ပုံရိုက်ဖို့ မကောင်းတော့ဘူး...
ခုတော့ သီချင်းမဆိုတော့ပဲ
တိတ်တိတ်ကလေး ငိုနေတယ်...

လေးထိမှန်လို့ အတောင်ကျိုးသွားရတဲ့ ငှက်ကလေးတကောင်ပါ...
ချစ်သူရှိရာ မပျံသန်းနိုင်တော့ဘူး...
ခုတော့ မြေပေါ်မှာလဲလျောင်းလို့
ကောင်းကင်ကို မော့်ကြည့်နေတယ်...

ခုတော့
အနောက်မြို့ရိုးမှာလည်း
မိုးတွေ ညို့နေပြီကော...

ATN

16 comments:

Anonymous said...

ခုတလော အကို့ ကဗျာတွေ ဖတ်ရတာ စိတ်တွေ
မကောင်းတာမို့ ကွန်မန့်တွေ တောင် ( ကဗျာတွေမှာ ) မရေးဖြစ်ခဲ့ပါရော...

mie nge

Moe Cho Thinn said...

လမ်းဘေးမှာ သီချင်းဆိုနေရင် ဘေးမှာ အတူလိုက်ညည်းမဲ့ ညီမတယောက်ပါ။

(မျက်မှန်အမည်းကြီးတော့ မတပ်မိပါစေနဲ့။ မမြင်ထင် သွားမယ်) :))

Unknown said...

အခုတော့
အနောက်မြို့ရိုးမှာ
မိုးတွေ ညို့နေပြီကော.....

အနောက်တောင်မှာ ညို့ရင်တော့ သေချာတယ်..ရွာတော့မယ်ဆိုတာ...
အနောက်မြို့ရိုး ဆိုရင်တော့...အင်း

PhotoVigor said...

Good writing, different idea, great post.
Reading your blog. :)

ကိုပေါ said...

ပို့စ်ရေးရင်း ကီးဘုတ်ပျက်သွားတဲ့ ဘလော့ဂါပါ...တော့ မလုပ်နဲ့ပေါ့ ခင်ဗျာ။

ဒါထက် အခုတလော... ကြက်ဥတို့၊ ကြိုးတို့ရဲ့ ဇာတ်သိမ်းခန်းတွေ ရေးတာများနေတယ်။ ကြပ်ပြေးတို့၊ ကြက်ဆူတို့ တနင်္လာနံတွေလည်း မျက်ခုံးလှုပ်နေတာ့မယ်။

ရွှေရတုမှတ်တမ်း said...

ဟဲ့ကောင်လေး
ဘက်ထရီ ဒေါင်းနေပြီလား
ချာဂျင်ပြည့် ဖို့အရေးကြီးတယ်နော်

မြတ်လေးငုံ said...

ကဗျာလေးကတော်တော်ခံစားရပါတယ်၊ကြိုက်လို့(၃)ပြန်ဖတ်လိုက်တယ်။ကိုယ်တွေလဲ(၄၀)နားနီးနေတော့ဘက်ထရီကဒေါင်းချင်နေပြီလေ။

မြတ်လေးငုံ said...

ကဗျာလေးကတော်တော်ခံစားရပါတယ်။
ကြိုက်လို့(၃)ပြန်ဖတ်လိုက်တယ်။
ကိုယ်တွေလဲ(၄၀)နားနီးနေတော့
ဘက်ထရီးကဒေါင်းချင်နေပြီးလေ။

Anonymous said...

ကဗျာလေးက တော်တော်ကောင်းတယ်
ကို ငယ် ရေ
ခုတလော ကဗျာတွေ ကြိုက်လို့ 
လိုက်ဖတ်နေတာ
အလွမ်းကဗျာတွေ ဖြစ်နေလို့ 
ပိုဆိုးကုန်ပြီ
လွမ်းသွားပြီ ဗျာ
ဒီကဗျာလေးလည်း ကြိုက်တယ် အကိုရေ

ခင်တဲ့
ဝသန်မိုး

အိန္ဒြာ said...

နွားနို့

ဖန်ခွက်ထဲမှာ နွားနို့တစ်ဝက်တိတိရှိတယ်
တစ်ဝက်ထဲလို့ မင်းငြင်းဆိုမှာလား
တစ်ဝက်ကြီးများတောင်လို့ ၀မ်းသာအားရဖြစ်မှာလား..
မင်းသောက်ရင်သောက်
မင်းမသောက်လည်းနွားနို့ဟာ ချဉ်သွားလိမ့်မယ်..
ဖန်ခွက်ထဲမှာ နွားနို့ဟာ တစ်ဝက်တိတိရှိတယ်..။

မင်းထက်မောင်

(အလွတ်ရနေတဲ့အတိုင်း ချရေးလိုက်တာပါအကို စာလုံးနည်းနည်းမှားနေမလားမသိဘူး)

လက်ရှိအခြေအနေကို အကောင်းဆုံးလို့ စိတ်သွင်းပြီး သောက်ချလိုက်နိုင်ဖို့..အဲဒီ့ကဗျာကို ခဏခဏရွတ်ဖြစ်တယ်..။

အကို အစစအရာရာ အဆင်ပြေ စိတ်ချမ်းသာပါစေ.။

kay said...

တင်စားချက် တွေ..ဘယ်က ဘယ်လို ရ လာသလဲ ဆိုတာ..မတွေးတတ်နိုင်အောင်..ကဗျာ တွေ ကတော့.. သိပ်ကောင်း တာ ပဲ.. ကိုအောင်သာငယ်ရေ..
မိုးတွေညို့ပြီ ဆိုတော့.. မျက်ရည်စို့ရ တော့မှာပေါ့..
း(

yangonthar said...

“ဆေးအဖြူ ကုန်သွားတဲ့ ပန်းချီဆရာပါ...
အရောင်တွေကို ဖျော့ချလို့ မရတော့ဘူး...
ခုတော့ အမှောင်ထဲမှာပဲ ကဗျာစပ်နေတယ်...”

အစ်ကို ဒီ တစ်ပိုဒ်ကို အတော်ခိုက်တယ်ဗျ
တစ်ပုဒ်လုံး အဖွဲ့ ကိုလည်း သဘောကျပါတယ် တင်စားချက်တွေကတော့ အံ့မခန်းပါပဲဗျာ ကဗျာ တွေသီထားတဲ့ အတွေးပိုင်ရှင်ပါ
လေးစားလျှက်
ရန်ကုန်သား
အေးမြသာယာရှိပါစေ :)

လင်းနေကို said...

မိုက်တယ်ဗျာ

Anonymous said...

လေးထိမှန်လို့ အတောင်ကျိုးသွားရတဲ့ ငှက်ကလေးတကောင်ပါ...
ချစ်သူရှိရာ မပျံသန်းနိုင်တော့ဘူး...
ခုတော့ မြေပေါ်မှာလဲလျောင်းလို့
ကောင်းကင်ကို မော့ကြည့်နေတယ်...

(ချစ်သူ= မိမိချစ်ရသောသူများအားလုံး)

Anonymous said...

နွားနို့ကဗျာလေးအတွက်လည်း တီဒြာ့ကို ကျေးဇူုးပါ.. သိပ်အားတက်တာပဲ..

Angel Shaper said...

မိုးရွာတော့မယ်ထင်တယ်။ ပြန်တော့မယ်ဗျာ။ ထီးမပါဘူး။ ဟိဟိ ကဗျာလေး သိပ်ကောင်းတယ်။