Jul 30, 2008

ပြည်မှာဆောင်း















တစ်လောကလုံးမှာ ခရမ်းနုရောင်လေးတွေ
မှိုင်းမှိုင်းဝေနေ…
နှင်းဝတ်မှုန်တွေရဲ့ အတားအဆီးမဲ့ နယ်ကျွံမှုတွေ
ရင်ခွင်မှာ တွယ်ငြိလာတဲ့
အတိတ်ဆိုတဲ့ ကမ္ဘာ…

အပေးအယူလေးကို တောင်းဆိုဖို့ရာ
အလှမ်းဝေးနေပြီလား…
နှောင်းနေချိန်မှာ မထူးတော့တဲ့ မျှော်လင့်ခြင်းတွေ
ရင်ခွင်မှာ ခံစားနေတဲ့ ဘ၀ဆိုတဲ့ကဗျာ…

အနေဝေး ရေဝေးမှာ ဆုံးရှုံးသွားရတော့မယ့်
ပြည်မှာ ဆောင်း…
ပြန်သင့် မပြန်သင့် ဆုံးဖြတ်ခွင့် မရှိတော့တဲ့
ပြည်မှာ ဆောင်း…

အတွေးသံသရာရဲ့ အလင်းနဲ့ အမှောင်မှာ
နေ့ရက်ဟောင်းတွေဟာ
အခုမှရတဲ့ အခွင့်အရေးတစ်ခုအတွက်
အလုအယက် တိုးဝှေ့လာတယ်…

solo

အဆုံးစွန်အထိသာ တွေ့နိုင်ခဲ့ရင်
မဆုံးဖြတ်ခဲ့ပါဘူး…
အမှားဝင်္ကပါမှာ စိတ်နောက်ကိုယ်ပါမိတော့
ရင်ခွင်မှာ နာကျည်းနေတဲ့
နောင်တတွေနဲ့လူ…

အနေဝေး ရေဝေးမှာ ဆုံးရှုံးသွားရတော့မယ့်
ပြည်မှာ ဆောင်း…
ပြန်သင့် မပြန်သင့် ဆုံးဖြတ်ခွင့် မရှိတော့တဲ့
ပြည်မှာ ဆောင်း…

အတွေးသံသရာရဲ့ အလင်းနဲ့ အမှောင်မှာ
နေ့ရက်ဟောင်းတွေဟာ
အခုမှရတဲ့ အခွင့်အရေးတစ်ခုအတွက်
အလုအယက် တိုးဝှေ့လာတယ်…

အနေဝေး ရေဝေးမှာ ဆုံးရှုံးသွားရတော့မယ့်
ပြည်မှာ ဆောင်း…
ပြန်သင့် မပြန်သင့် ဆုံးဖြတ်ခွင့် မရှိတော့တဲ့
ပြည်မှာ ဆောင်း…

ရေး/ဆို-ခင်ဝမ်း


2 comments:

kay said...

ပြည်မှာ ဆောင်း ကို အရမ်းကြိုက်ပါတယ်။
မွေးနေ့ဆုတောင်းအတွက် လည်း..ကျေးဇူးပါပဲ။
ပျော်ရွှင်ဘွယ် ကဗျာ များ ဖတ်ဖို့လည်း..စောင့်မျှော်နေပါတယ်။း)

မင်းမွန်သစ် said...

ကိုအောင်သာငယ်ခင်ဗျာ..
ပြည်မှာဆောင်းသီချင်း အရမ်းကောင်းတယ်ဗျာ။
မသိလို့ မေးပါရစေ.. တေးရေး တေးဆို ဘယ်သူလဲ ခင်ဗျာ။
ရိုးသားစွာဖြင့်...