Jan 9, 2009

အမေ






















အမှောင်ထဲက အလင်းတန်း
ကန္တာရထဲက စမ်း
မီးတောင်ထဲ ပွင့်တဲ့ ပန်း
မခမ်း မြစ်
အနန္တချစ်ခြင်းမေတ္တာ... ...
စကားလုံးများစွာ မလိုသော ကဗျာ... ...

ATN

(၁၊ ၉၊ ၂၀၀၉)
သောကြာနေ့ည
၁၁း၃၅ နာရီ

20 comments:

mama said...

ကောင်းလိုက် တဲ့ ကဗျာလေး..
တိုတို လေးနဲ့.. ရင် ထဲ ရောက်..
..
တကယ်တော့...
အမေ့ မေတ္တာ ဆို တာ...
စကားလုံး များစွာ မလို တဲ့ ကဗျာ ပါ ပဲ....

:P said...

ဒီကဗျာလေးကြိုက်လိုက်တာ....

Myo Win Zaw said...

စကားလုံးများစွာမလိုတဲ့
မှန်တယ်ဗျာ

pandora said...

ကဗျာရော သရုပ်ဖော်ပုံကိုပါ နှစ်သက်စွာ ခံစားသွားပါတယ်။

လင်းဒီပ said...

အစ်ကို ရေးထားတဲ့အတိုင်းပါပဲဗျာ...
အမေဆိုတာ...

sait phay yar said...

မှတ်သားသွားပါတယ်ဗျာ

Anonymous said...

10 Jan 09, 03:31
နှင်း: ကဗျာလေးက တိုတိုလေးပေမယ့် အရမ်းကောင်းပါတယ်။

ကိုရင်ညိန်း said...

ဆွဲချသွားပြီဗျာ .....
E-Book မှာတွဲလိုက်ပြီ ....
အဆင်မပြေလည်း G-Talk မှာတွေ့မှဆဲတော့ဗျာ
အစ်ကိုပဲပြောထားပြီးတော့ (တန်းလန်းကြီးမထားကောင်း
ဘူးဆို) အဟေးဟေး ။ (အနိုင်ကျင့်နေတာ) :P
အိပ်ရေး အတော်ပျက်သွားပလားဗျ ။ :)
အမေပေးတဲု ဆု ။ အမေတွေပို့တဲ့မေတ္တာ တင်းပြည့်
ကျပ်ပြည့်ရပါစေ အစ်ကို ။

Anonymous said...

ကဗျာလေးက အရမ်းကောင်း အမေ့ကို လွမ်းလိုက်တာ ကျေးဇူးအန်ကယ်ရေ့ ။

Anonymous said...

ဂွတ်ထ.. ဂွတ်ထ.. တကယ်ပါ

Anonymous said...

ပြာသိုလပြည့်

အမေနေ့တွင်

ချမ်းမြေ့အမေ

ပျော်ရွှင်စေဟု

သားဇေ ဆုတောင်းလိုက်ပါသည်။……….။

ဆောင်းယွန်းလ said...

သီချင်းတစ်ပုဒ်ရင်ထဲစီးဆင်းသွားသလိုကိုလှနေတာဗျ.
အကြိုက်ဆုံးဘဲ..အကို့ကဗျာတွေအားလုံးကိုကြိုက်တယ်
အဲဒီအားလုံးထဲကမှ.ဒီကဗျာကိုအကြိုက်ဆုံးဘဲ..
ခင်မင်တဲ့....

သက်ဝေ said...

အမေ...
အမေ...
အမေ...

Moe Cho Thinn said...

အမေတွေအကြောင်း တွေးနေမိတုန်း အမေ ကဗျာလေး ဖတ်လိုက်ရတော့ ပြည့်စုံသွားသလို ခံစားလိုက်ရတယ်။
မုဒိတာ အပြည့်နဲ့ ခံစားသွားပါတယ် အကို။

မေ့သမီး said...

အစ်ကိုရေ
သိပ်ကောင်းတဲ့ကဗျာပါ။ ညီမဒီနေ့တစ်ညနေလုံး အမေအကြောင်းကဗျာရေးတာ ရေးသမျှတွေကိုစိတ်တိုင်း မကျဘူးဖြစ်နေတာ။ ဘယ်စကားလုံးနဲ့မှ အမေနဲ့မလိုက်ဘူးထင်နေမိလို့။

အိုင်လွယ်ပန် said...

ကောင်းလိုက်တာအစ်ကိုရာ

ညိမ်းညို said...

သိပ်ကောင်းတာပဲဗျာ
အမေကို အလှပဆုံး ပုံဖော်သီကျူးသွားတာ
အဆင်ပြေပါစေ အကိုကြီးရေ

မီယာ said...

ပန်းချီကားရော ကဗျာပါ ခံစားသွားပါတယ်။

Unknown said...

ဒါ အမေပဲပေါ့နော် .. ..
အမေရယ် . . . .

Welcome said...

ကဗျာရဲ့ အေးစိမ့်တဲ့ တုံ့ပြန်မှုက
ရင်ထဲလှိုက်ကနဲ ခံစားလိုက်ရတယ် ..
လေးစားလျက်

ဝင်းဇော်