Aug 23, 2009

တူ ၃ တူ

ဘာရယ်လို့တော့ မဟုတ်ပါ။ သည်လိုပဲ သူငယ်ချင်းတွေနဲ့ ဟိုပြောသည်ပြော ပြောရင်းက အိမ်ထောင်မကျသေးတဲ့ ညီငယ် တယောက်နဲ့ စကားပြောဖြစ်သွားတော့ သူနဲ့ ပြောဖြစ်တဲ့ အကြောင်းလေးတွေကို ကျန်တဲ့ ညီအကို မောင်နှမတွေနဲ့ ရှဲချင်လာလို့ သည်စာကို ရေးလိုက်ပါတယ်။ အဲသည် ညီငယ်ကလည်း သည်စကားတွေကို ရှဲဖို့ သဘောတူခဲ့ပါတယ်။ ခုတော့ သူ့ သဘောတူညီချက်နဲ့ သည်စာကို တင်လိုက်ပါတယ်။ အိမ်ထောင်ကျပြီးတဲ့ ညီအကိုမောင်နှမများအတွက် မရည်ရွယ်ပါ။ အိမ်ထောင်မကျသေးတဲ့ ညီအကို မောင်နှမများ ဖတ်ဖို့သာ ရည်ရွယ်ပါတယ်။ အိမ်ထောင်သည်တဦးရဲ့ စေတနာစကားလို့ ယူဆလိုက်ပါ... ။

kaung lay: အကိုနေကောင်းလား
me: ဟေး... ကောင်းတယ်
kaung lay: ဘာလုပ်နေလဲ
me: ဘာမှ မလုပ်... အလုပ်က ခုမှ ပြန်ရောက်... အီးမေးလ်တွေ စစ်နေတာ
kaung lay: အကို့ ကလေးတွေနေကောင်းလား
me: အော... အားလုံး ကောင်းပါတယ်
kaung lay: အဲလို မိသားစု ဘ၀ကို အားကျတယ်
me: တကယ်လား... ဟ...
kaung lay: တကယ်ပါ...
me: အင်း... တကယ့် မိသားစု ဘ၀ကတော့ မင်းတို့ ထင်နေတာထက် ပိုခက်ခဲပါတယ်...
kaung lay: အင်း... ခန့်မှန်းမိပါတယ်...
me: ဟေး... ခန့်မှန်းတယ်ဆိုတာ... သေချာကို မသိလို့....
kaung lay: အကိုကလည်းဗျာ... ကျနော်က သေချာ ဘယ်လို သိပါ့မလဲ... အိမ်ထောင်သည်မှ မဟုတ်တာ...
me: အေးလေ... နင်တို့က အိမ်ထောင်ပြုချင်ကြတာမှ မဟုတ်တာ...
kaung lay: အဲလိုလည်း မဟုတ်ပါဘူး အကို...
me: အော ... အဲဆို ... အိမ်ထောင်ပြုချင်တယ်ပေါ့... ဟုတ်လား... ငါက လိုက်ရှာပေးရဦးမှာလား...း)
kaung lay: ဟုတ်ပါဘူး အကိုရ... ကျနော့ဘာသာရှာမှာပါ... ဒါမယ့် အကိုရှာပေးရင်လည်း ကောင်းတာပေါ့... ကျနော့်အတွက် သင့်တော်ရာလေး...း)
me: အေးလေ... ရှာပေးမယ်... ငါ့ ညီမလေးတွေ အများကြီး... အဲအထဲက တယောက်ယောက် နင်နဲ့ သဘောတူလိုက်မယ်လေ... နင်က ဘာတွေ ကြိုက်တတ်လဲ ပြောပြထားဦး...
kaung lay: ကျနော့ စိတ်ထဲတော့... ကျနော်ယူမယ့် မိန်းခလေးက လှစေချင်တယ်...
me: အင်း...
kaung lay: နောက် လောဘနဲရမယ်...
me: အင်း... ပြီးတော့ရော...
kaung lay: နောက် တိုင်းပြည်အပေါ်ကို ချစ်တတ်ရမယ်...
me: သည် ၃ ခုပဲပေါ့... ဟုတ်လား...
kaung lay: ဟုတ်... အကို...
me:း) အဲကောင်မလေးကို နင့်ဘာသာပဲ ရှာတော့ကွာ...း)
kaung lay:း)... အကိုကလည်း အားကိုးရမလား ပြောမိပါတယ်...း)
me: သိဘူးလေကွာ... လှလည်း လှရမယ်... လောဘလည်း နည်းရမယ်... တိုင်းပြည်အပေါ်လည်း ချစ်တတ်ရမယ်ဆိုတော့ မင့်ဟာက တောင်းဆိုချက်တွေ များလှချည်လား...
kaung lay: အဲလိုပဲ စိတ်ထဲ ရှိနေတာလေ အကိုရ...
me: အင်း... အဲဒါကြောင့် နင် လူပျိုကြီးဖြစ်နေတာ...း)
kaung lay:း) အဲလိုလည်း မဟုတ်ဘူး ထင်တယ်...
me: အေးပါ... ငါယုံထားတာလေးတွေလည်း ငါပြောဦးမယ်... မင့်ဘာသာစဉ်းစားပေါ့... ဟုတ်လား...
kaung lay: ဟုတ်... အကို...
me: တူ (၃) တူ လို့ အကိုကတော့ နံမည် ပေးထားတယ်...
kaung lay: ဟုတ်... အကို...
me: (၁) ဘ၀ တူသင့်တယ်
(၂) ၀ါသနာတွေ အကြိုက်တွေ တူသင့်တယ်
(၃) ကိုးကွယ်ရာ ဘာသာ တူသင့်တယ်
ကျန်တာတွေကတော့ မလိုဘူးထင်တယ်
kaung lay: ဟုတ်ကဲ့...
me: ဘ၀ မတူတဲ့အခါ ရေရှည်မှာ နားလည်မှုဆိုတာ ဘယ်လိုမှကို ရှိလာတော့မှာ မဟုတ်ဘူး
kaung lay: အမှန်တွေပေါ့ဗျာ
me: ခဏတဖြုတ်ကတော့ နားလည်မှုကို ပေးနေနိုင်တယ်လေ
ဒါပေမယ့် နားလည်မှုဆိုတာက အချိန်ကာလက စားသောက်တာကို ခံနီုင်တဲ့ အရာမျိုး မဟုတ်ဘူး
kaung lay: ဟုတ်ပါ့ဗျာ
me: အချစ်ဆိုတာကလည်း တကယ်တော့ ဘ၀ဆိုတဲ့ ငရုတ်ဆုံထဲ ထည့်ထောင်းလိုက်တဲ့အခါ မှုန့်မှုန့်ညက်ညက်ကြေသွားတတ်တဲ့ ပဲခြမ်းစေ့တွေလိုပါပဲ ... အခြေခံအားဖြင့် ဘ၀တူမှသာ ဖြစ်မယ်လို့ အကိုကတော့ ထင်တယ်...
kaung lay: သေချာတယ်အကို ဒါတောင်မှလည်း အချိန်ယူပြီး ကြည့်ကြရမှာဘဲ...
me: အေးလေ တကယ်တော့ တို့တွေက သူပုန် သူပုန်ချင်း အိမ်ထောင်ပြုကြရမှာ... သူပုန်တွေကို နားလည်မှာ သူပုန်မတွေပဲ ရှိတယ်...
မင်းလည်း သူပုန်မ တယောက်လောက် ရှာကွာ...
kaung lay:း( သူပုန်မတွေက အများကြီး မရှိဘူး အကို...
me: အဲတာတော့ ငါလည်း မတတ်နိုင်ဘူးကွာ...

ပြောနေသောစကား သည်မှာ ပြီးပါသည်။
တူ (၃) တူကို လိုအပ်သည်ဟု ကျနော် ကိုယ်တိုင် ယုံကြည်ပါသည်။ သည့်အတွက် အိမ်ထောင် မပြုကြသေးသော ညီအကို မောင်နှမများအတွက် သည်စာကို ကျနော် ရေးပါသည်။ ညီအကို မောင်နှမအားလုံး တူရာတူရာ လက်တွဲခွင့်ရကြပါစေကုန်...

18 comments:

Anonymous said...

ဟုတ်ပလို့ ထပ်ဆင့်ထောက်ခံလိုက်တယ်
mm

Nge Naing said...

သူပုန်နဲ့ သူပုန်မ ညားကျတော့လည်း သူပုန်ဖြစ်နေတဲ့ ကာလမှာတော့ အကြိုက်တူမတူဆိုတဲ့ နေရာမှာ တူတယ် မတူဘူးဆိုတာ ပြောဖို့ ရွေးစရာ မရှိခဲ့ပါဘူး။ ဥပမာ စားစရာဆိုရင် တပ်က ထုတ်ပေးတဲ့ ပဲ၊ အာလူး၊ ငပိနဲ့ ဟင်းသီးဟင်းရွက် ကိုယ့်ဖာသာကိုယ် စိုက်ကာ ရှိတာလေးနဲ့ပဲ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အဆင်ပြေသလို စားခဲ့တြယ်။ တပ်က အလုပ်တွေကို ပေးတဲ့အတိုင်း သူ့တာဝန်သူလုပ် ကိုယ့်တာဝန်ကိုယ်လုပ်နဲ့ ဘာပြဿနာမှကို ရှိစရာအကြောင်း မရှိပါဘူး။ တပ်မဟုတ်တော့တဲ့ နိုင်ငံခြားတိုင်းပြည်လည်း ရောက်တော့ သူပုန်ဘ၀မဟုတ်တော့တဲ့အချိန်မှာ စားစရာပဲ ဖြစ်ဖြစ် နေထိုင်မှု ဘ၀ပုံစံပဲဖြစ်ဖြစ် အားလပ်ချိန် အပန်းဖြေစရာ နေရာပဲဖြစ်ဖြစ် အကြိုက်တွေက ရွေးစရာများသွားပြီ မတူတော့ဘူး။ ဥပမာ အမဲသားတို့၊ ဆိတ်သားတို့ကို လုံးဝအနံ့ခံလို့မရပဲ ဟင်းသီးဟင်းရွက်ကိုပဲ ကြိုက်တဲ့ သူပုန်မဟောင်းနဲ့ အဲဒီအသားတွေကိုမှ တခြားအသားတွေထက် ပိုကြိုက်တဲ့ သူပုန်ဟောင်းက အကြိုက်မတူတော့ဘူး။ အဲဒါကြောင့်မို့ စားစရာမှမဟုတ်ဘူး တခြားကိစ္စတွေမှာလည်း ရွေးစရာ မရှိတဲ့အချိန်မှာ အကြိုက်တူမတူဆိုတာကို မသိပေမယ့် ရွေးစရာတွေ များလာတဲ့အခါမှာတော့ အကြိုက်တွေက မတူတော့ဘူး။ ဒါကြောင့်မို့ သူပုန်အချင်းချင်း ယူတာလည်း အကြိုက်တူတယ်လို့ သိပ်မထင်ပါနဲ့။ ဘာမှမတူပေမယ့် နားလည်မှု ပေးနိုင်ဖို့က အဓိကပဲလို့ ကျွန်မထင်တယ်။ ကိုအောင်သာငယ် ပြောတဲ့ ”အချစ်ဆိုတာကလည်း တကယ်တော့ ဘ၀ဆိုတဲ့ ငရုတ်ဆုံထဲ ထည့်ထောင်းလိုက်တဲ့အခါ မှုန့်မှုန့်ညက်ညက်ကြေသွားတတ်တဲ့ ပဲခြမ်းစေ့တွေလိုပါပဲ ... အခြေခံအားဖြင့် ဘ၀တူမှသာ ဖြစ်မယ်လို့ အကိုကတော့ ထင်တယ်...” ဆိုတာကို လုံးဝ လက်ခံတယ် ဘ၀တူဖို့ အချစ်ရေရှည် တည်တံ့ဖို့အတွက် နားလည်မှုကို တည်ဆောက်ဖို့ လိုတယ်ဆိုတာ ထပ်ဖြည့်လိုက်ပါတယ်။

mgngal said...

ဖတ်မှတ်သွားပါကြောင်း ။ :D

kiki said...

ဘာသာတူပြီး တယောက်နဲ့ တယောက် နားလည်မှု ၊ယုံကြည်မှု ရှိရင် ရလောက်ပြီ ထင်ပါတယ် ။
(ကိုယ်လိုရာ တွေးပြီးပြောသွားသည် )...
နို့ မို့ ဆို အပြိုကြီး ၊ လူပြို ကြီး တွေ လျှံထွက်နေမစိုး၍...

အကြိုက်ချင်းမတူလည်း တမျိုးတော့ကောင်းသား။
လု စားဖို့  မလိုတော့ ဖူးလေ .... ဟိဟိ

Anonymous said...

ဒီသူပုန်ဆိုတာ မပါလို့ရမလား။ အိမ်ထောင်ရေးအကြောင်းဆုံးမစာမှာ
ဒီစာလုံးကြီးက ဖတ်ရတာ တစ်မျိုးကြီးပဲ။
mm

Anonymous said...

အိမ်ထောင်ကျပြီးတဲ့သူတွေအတွက် မရည်ရွယ်ဘူး ဆိုပေမယ့်လည်း ဖတ်သွားပါတယ်....

ဒီပို့စ်ထဲက စကားတွေကောက်ချက်ချရမယ်ဆိုရင်တော့
ပထမ ကောင်လေး လိုချင်တဲ့ အချက်၃ ချက်ထဲကဆိုရင်တော့ ကျန်တဲ့ ၂ ချက်ကတော့
အဆင်ပြေနိုင်ပေမယ့် လောဘနဲတဲ့ မိန်းခလေးရဖို့တော့ မဖြစ်နိုင်လောက်ဖူး ထင်တယ်...

ကိုအောင်သာငယ်ပြောသွားတဲ့ ၃ ချက်ထဲကဆိုရင်တော့ ဘာသာတူတာ တခု
ဘဲ လွယ်ကူလောက်ပေမယ့် ကျန်တဲ့ ဘ၀တူ
ဖို့နဲ့ ၀ါသနာတူဖို့တော့ ရွေးချယ်တဲ့အခါ ခက်ခဲနေမှာပါ...ယူပြီးမှ အဲဒါတွေ ညှိယူမယ်ဆိုပြီး စဉ်းစားမယ်ဆိုရင် လုံးဝမှားပါလိမ့်မယ်... အိမ်ထောင်မကျခင်တော့ ချစ်သူဘ၀ ခဏတာ နားလည်သည်းခံ
ပေးနိုင်ကြပေမယ်လို့ ယူပြီးကြရင်တော့ ရေရှည်မှာ
တယောက်နဲ့တယောက် ဘာမဟုတ်တာနဲ့ တောင် သည်းမခံနိုင်ကြ နားမလည်နိုင်ကြ တော့ဘဲ ချစ်ခင်စုံမက်မှုတွေ နည်းလာနိုင်ကြမှာတော့ အသေအချာပါဘဲလေ....ကိုအောင်သာငယ်ပြောသွား
တဲ့အတိုင်းပါဘဲ...

mie nge

Anonymous said...

My recommend to U - single is...


If U got nothing better to do in life, marry available girl around u and waste your life @ S**, Babies & other things not useful for Society and try enjoy yourrself..

It's called Married life...

ပုံ့မေ said...

ဖတ်မှတ်သွားပါတယ်။

ဒါပေမဲ့ ဘဝတူတယ် ဆိုတာ မေသူနားမလည်လို့ ။ ဆင်းရဲတဲ့သူ ကဆင်းရဲတဲ့သူနဲ့ ယူ။ ချမ်းသာရင် ချမ်းသာသူနဲ့ ယူ အဲလိုမျိုးကိုဆိုလိုတာလားအစ်ကို။

ဝါသနာကတော့ အကုန်လုံးတူစရာ တော့ မလိုဘူးထင်တယ်နော် အစ်ကို။ အဟိ ရန်ဖြစ်နေမှာစိုးလို့ ။ အလိုက် အထိုက်ပေါ့။

ခင်တဲ့
:~)

littlebrook said...

အဟဲ ဒီပို့စ်လေးဖတ်ပီးသွားချိန် မျက်စိထဲတန်းပေါ်လာတာက သတို့သားက အာရပ်ခေါင်းပေါင်းနဲ့ အေကေ၄၇ကိုင် ..သတို့သမီးက ဗုံးတွေခါးမှာပတ်ထား .. မင်္ဂလာပန်းခြင်းအစား မိုလိုတော့ပ်ပုလင်းနဲ့ ...ဟီးဟီး
ပျော်စရာကြီး

littlebrook said...

အဟဲ ဒီပို့စ်လေးဖတ်ပီးသွားချိန် မျက်စိထဲတန်းပေါ်လာတာက သတို့သားက အာရပ်ခေါင်းပေါင်းနဲ့ အေကေ၄၇ကိုင် ..သတို့သမီးက ဗုံးတွေခါးမှာပတ်ထား .. မင်္ဂလာပန်းခြင်းအစား မိုလိုတော့ပ်ပုလင်းနဲ့ ...ဟီးဟီး
ပျော်စရာကြီး

yangonthar said...

အိမ်ထောင်မှုဒဿနကို မှတ်သားသွားတယ် အစ်ကို :D

tg.nwai said...

အစ်ကိုပြောသလို တူနိုင်ရင်တော့ ကောင်းတာပေါ့လေ..
အိမ်ထောင်ပြုတယ်ဆိုကတည်းက အေးအတူ ပူအမျှ မျှဝေခံစားဖို့ နှစ်ယောက်ပေါင်းပြီး ဘ၀ တစ်ခုတည်ထောင်ရတာကိုး.. တူ ၃ တူ မတူတောင်မှ နှလုံးသားအကြီးကြီးတွေ ပိုင်ဆိုင်နေရင်တော့ အဆင်ပြေကောင်း ပြေနိုင်တယ် ထင်တာပါပဲ.. (ဟဲဟဲ..ကိုယ်ထင်တာ ကိုယ် ၀င်ပြောသွားတာ..:)

ကလူသစ် said...

နောက်တယောက်အတွက် ရည်ရွယ်ပြီး ခိုးဖတ်သွားသဗျ

သုခုမလေဒီ said...

တူ၃တူဆိုလို့  ၀ါးတူ၊ ကော်တူ၊ စတီးတူတွေလားလို့း)
တူလွန်းရင်လည်းမကောင်းဘူးထင်တယ်နော်။ အထူး သဖြင့်ဝါသနာတူတာပေါ့။ စာအုပ်လုဖတ်နေရမှာစိုးလို့ ပါ။
း) ။ အဆင်ပြေပျော်ရွှင်ပါစေ

ဖိုးသင်္ကြန် said...

ဒီနေ့လက်ချာများတယ်။ မခင်ဦးမေဆီမှာလည်း ဒီလိုပြောတယ်။
ဆိုးတာက ကိုက်တံရှိပြီး ပိတ်အုတ်မရှိသလိုဖြစ်နေသဗျာ...

မီယာ said...

၃တူမှာ ဘာမှ မတူဘူး ကို ATN ရေ
ဒါပေမယ့် ယူပြီးသွားပြီ...

KLNG said...

အကိုအတွေးတွေအများကြီးရသွားတယ်။

P.Ti said...

အကိုပြောတာလက်ခံပါတယ်။ ဘ၀မတူခဲ့ရင် ပြဿနာတွေ အများကြီးရှိနိုင်တယ်။

ဘ၀ဆိုတာ ချမ်းသာတာ ဆင်းရဲတာပြောတာ မဟုတ်ပေမယ့် ကြီးပြင်းလာခဲ့တဲ့ ဘ၀ပုံစံပြောတာပါ။
နောက်ပြီး တန်ဖိုးထားတာချင်းတဲ့ တူသင့်တယ်လို့ ထင်တယ်...

မရောက်ဖြစ်တာကြာနေပြီ... အားလုံးအဆင်ပြေပါစေ နော်း)