Aug 29, 2009

Life










Life is only a poem
That I am very eager to recite,
But it becomes just a mere dream
That I am not willing to like.

Life is simply a path
That I always have to walk with someone I love,
But it becomes a bare earth
That I hardly ever meet a dove.

ATN
8/29/2009

This is my first and only poem composed in English.
If anyone translate it into Burmese for me,
it will be highly appreciated.

14 comments:

emayarKhin said...

ကဗျာကိုဖတ်တတ်သလိုဖတ်သွားတယ်အကို....
အင်းးးပြောရမယ်ဆိုရင် သိပ်ဘာသာပြန်ချင်တယ်...
ဒါပေမယ့်ကြိုးစားလိုက်ပါဦးမယ်....

Anonymous said...

ဘ၀ က ကဗျာတပုဒ် မျှ
ငါနှုတ်တိုက် ရွတ်ဆိုချင်ခဲ့တာပေါ့
ဒါပေမဲ့.. အဲဒါ
ငါမနှစ်လို ခဲ့တဲ့
အိပ်မက် တခုသာဖြစ်လာခဲ့

ဘ၀က လမ်းကလေး တခု
ငါ ချစ်တဲ့သူ နဲ့ သာ အမြဲ လျှောက်လိုခဲ့တာပါ
ဒါပေမဲ့.. အဲဒါ
ချိုးငှက်ငယ် တကောင်သာ တွေ့ခဲ့ရတဲ့
ဟင်းလင်း ပြင် ကမ္ဘာ..
..
..
ဘယ်သူ့ ကို ပြန်စေချင်တာလဲတော့ မသိ
အင်္ဂလိပ်လိုရော မြန်မာလိုပါ ရေးနေတဲ့
ကဗျာဆရာမလေးတွေ ကိုများ
ပြန်စေချင်တာလားလဲ မသိ
ကိုယ်တိုင်လဲ သိပ်မကျွမ်းပါပဲ
ကဗျာဆရာ အတွက် ဘာသာပြန်ပေးခဲ့ပါတယ်

ချစ်သောသူနဲ့သာ ဘ၀ကိုအတူရှေ့ဆက်လျှောက်လှမ်း နိုင်ပါစေလို့လဲ ထပ်ပြီးဆန္ဒပြုခဲ့ပါတယ်
ခင်မင်သော
(mama)

ရန်ကုန်သား said...

အစ်ကိုရေ ကဗျာလေးဖတ်သွားတယ်
ဘဝရဲ့ မျှော်လင့်ချက်နဲ့ 
လက်တွေ့ မှာ ထင်တာနဲ့ 
ဆန့် ဆန့် ကြီးကျင်နေတဲ့ 
အတွေးအမြင်ကို နားလည်သလောက်
လေး မြင်သွားပါတယ် ......
ရန်ကုန် :D

Nge Naing said...

ဘ၀ဆိုတာက လက်တွေ့ဘ၀ကို ဖြတ်သန်းရတဲ့ အင်မတန် ကြမ်းတမ်းတဲ့ ခရီးဆိုတော့ ကဗျာလို နူးညံ့သိမ်မွေ့တဲ့ ဘ၀ကိုတော့ တောက်ရှောက် ဘယ်သူ့မှာမှ ရနိုင်လိမ့်မယ် မထင်ပါဘူး။ ရရှိတဲ့ ဘ၀လေးကိုပဲ ကဗျာလို လှပ နူးညံ့သိမ်မွေ့နိုင်အောင် ကြိုးစားခြင်းသာ အကောင်းဆုံးပဲလို့ ထင်တယ်။

pandora said...

ဘ၀ဆိုတာ ကဗျာတပုဒ်သာ
ငါနှုတ်ကရွတ်ဆိုဖို့ စိတ်ပြင်းပြခဲ့တာလေ
ဒါပေမယ့်လည်း ငါမနှစ်သက်ချင်တဲ့ အိပ်မက်တစ်ခုသာ ဖြစ်ခဲ့တယ်။

ဘ၀ဆိုတာ လမ်းကလေးတလမ်းသာ
ငါချစ်တဲ့သူနဲ့အတူ အမြဲလျှောက်လှမ်းချင်ခဲ့တာလေ
ဒါပေမယ့်လည်း ဘာဆိုဘာမှမရှိတဲ့ မြေကမ္ဘာဖြစ်ခဲ့တယ်
ချိုးဖြူငှက်တစ်ကောင်တောင် တွေ့ဖို့ခက်လှတယ်။

ဒါက တတိယပိုဒ် ဖြစ်မယ်။

Life is just nothingness
That I can or will never understand,
But it won’t become meaningless
Whenever I recall the warmth of a tender hand.

lynnnayko said...

great!!! bro...

kay said...

Dove ကို..ရည်ရွယ်ချက် ရှိရှိ ဂျိုးငှက် တကောင် လို့ မရည်ညွှန်းဘူး ဆိုရင်တော့..

Life is simply a path
That I always have to walk with someone I love,
But it becomes a bare earth
That I hardly ever meet a single bird.

ဆိုရင်..ပို ကာရန် မိမယ်ထင်တယ်။
ပျော်လို့..ဆရာဝင်လုပ်ကြည့်ပါတယ်။း)

ကိုဟန် said...

ဘာသာပြန်ဆု ပေးမလို့လားအကို.... ကျနော်ဖတ်ရတာတော ရက်ဖ်တူရှင်ဂို နဲ့ တောင် ရေးပုံချင်း တူနေသလိုလို... ကျနော်နားလည်တာတော့အကိုရေ ချိုတဲ့ ကော်ဖီတစ်ခွက်ကိုသောက်ပီး အရသာကိုဘာသာပြန်ခိုင်းရင် sweet လို့တော့ စားကားလုံးချင်း ဘာသာပြန်လို့ရကောင်းရဲ့ အရသာကိုဘာသာပြန်ဘို့တော့ ခက်မယ်နော် (ကျနော့်အတွက်ပြောတာပါ) ကဗျာကိုဖတ်ရတဲ့အရသာကလဲ အဲလိုပဲအကိုရေ ၊
Homa ဟာ Homa အတိုင်းပဲကောင်းပါတယ်အကိုရာ ၊အကိုရေးထားတာလေးပျက်ပါ့မယ် ဟား ဟား

ကိုလူထွေး said...

ဘဝ

ဘဝတခု အရင်းပြုလို့
တေးချင်းတခု ရေးခဲ့တယ်
အဲဒီသီချင်း ရင်မှာရင်းလို့
နှုတ်ဆင်းချိုချို ဆိုချင်တယ်…

ငါ့ရဲ့ဘဝ အဆင်းမလှစွာ
အိပ်မက်မှာပဲ ဆုံးခဲ့တယ်
အဲဒီအိပ်မက် မနှစ်မက်လို့
မြောင်းထဲလွှင့်ပစ်ထားခဲ့တယ်…


ဘဝတခု အရင်းပြုလို့
လမ်းကြောင်းတခု ဖောက်ခဲ့တယ်
ဖြောင့်ဖြူးသောလမ်း အတူလှမ်းဖို့
ချစ်တဲ့သူကို ခေါ်ပါ့မယ်…

ငါ့ရဲ့လမ်းကြောင်း အသွင်ပြောင်းကာ
ခရောင်းလမ်းမှာ ဆုံးခဲ့တယ်
အဲဒီလမ်းတလျောက် ငါထိုင်စောင့်လည်း
ငြိမ်းချမ်းရေးငှက် ဝေးလှတယ်…

(ဘာသာပြန် ကိုလူထွေး)

ရေးဆိုလို့ ရေးသွားတယ် အကိုရေးးးး

ကိုလူထွေး said...

အပေါ်မှာရေးဖို့ တကြောင်းကျန်သွားတယ်...

(ခံစားမိသလို ရေးပါသည်)

း)

Moe Cho Thinn said...

ကဗျာဆရာတွေ ချည်းပါလား။
ဘာသာအမျိုးမျိုး ပြန်ကြပေမဲ့ ဖတ်ရတာ ၀မ်းနည်းနေမိတာ။

လင်းဒီပ said...

ဘာသာမပြန်တော့ပါဘူးအစ်ကို
ဒီတိုင်းလေးပဲ ခံစားသွားပါတယ်...။

tg.nwai said...

ဘ၀ဆိုတာ ကဗျာလေးတပုဒ်ပဲပေါ့ကွယ်...
ငါကိုယ်တိုင် နှစ်နှစ်ခြိုက်ခြိုက် မက်မက်မောမော ရွတ်ဆိုနေချင်ခဲ့မိတဲ့....။
ဒါပေမယ့်..
ငါ မလိုလား မနှစ်မြို့ရတဲ့ အိပ်မက်တစ်ခုသာ ဖြစ်နေခဲ့ပါကလား...။

ဘ၀ဆိုတာ ရိုးရှင်းတဲ့ လမ်းသွယ်ကလေးတစ်ခု..
ချစ်ခင်မြတ်နိုးတဲ့ တစ်ယောက်သော သူနဲ့ တွဲလက်တွေ ခိုင်မြဲလို့ အတူလျှောက်လှမ်းချင်ရုံပါပဲ..

ဒါပေမယ့်လည်းကွယ်...
ငြိမ်းချမ်းရေး နိမိတ်ပုံ ချိုးငှက်လေး တစ်ကောင်တောင် မြင်တွေ့ခွင့်မရနိုင်တဲ့ ကမ္ဘာလောကကြီး သက်သက်ပါလား...။

(အစ်ကိုရေ.. ကြိုးစားပမ်းစား ထင်သလို ပြန်ဆိုသွားပါတယ်..:)

Anonymous said...

အကိုကြီး ကျမတော့ ဘာသာလည်း မပြန်တတ်လို့
ကဗျာခံစားမှုအားလည်း နည်းနေသေးလို့
အကိုတင်မယ့် highly appreciated ထဲပါမှာမဟုတ်...
အပေါ်က ဘာသာပြန်လေးတွေဘဲ ရွတ်သွားပါတယ်...


mie nge