Sep 23, 2009

ခပ်တိုးတိုးလေး ဆိုနေတယ်

စိတ်ညစ်နေတဲ့သူကို အတင်း သီချင်း လာဆိုခိုင်းနေတဲ့ အလိုက်ကမ်းဆိုး မသိတတ်သော်လည်း ချစ်ခင်ရတဲ့ ညီမငယ် မကြေးမုံ အတွက် မဆိုချင် ဆိုချင်နဲ့ ဆိုပြရတော့မှာပေါ့လေ။ အော်ဟစ် ပေါက်ကွဲထားတာတွေက များနေတော့ အော် မဆိုနိုင်တော့ဘူး။ အသံ မထွက်နိုင်တော့လို့ ခပ်တိုးတိုးလေးပဲ ဆိုပြလိုက်ပါတယ်...း(

---------------------------------------------------------------------------------------

တိမ်တိုက်တွေရဲ့... အဆုံး... အနောက်ဖက်က... အဝေး... မိုးကုပ်... တနေရာမှာ...
နေရောင်... တချို့... ရှိနေသေးရဲ့...
မြူတွေ... ဆိုင်းနေတဲ့... ရခိုင်ရိုးမရဲ့... အရိပ်...
ဟိုး... တဖက်ကမ်းခြေ... မြစ်ရိုးမှာ... မှောင်မိုက်နေပြီ...

ဗမာပြည်ကို လွမ်းမိတိုင်း ဧရာဝတီကို သတိရတယ်။ တနေ့နေ့မှာ အဲသည် တိမ်တိုက်တွေရဲ့ အဆုံးကို လိုက်ကြည့်မယ်။ လောလောဆယ်တော့ မှောင်မိုက်နေတဲ့ မြစ်ရိုးဘေးကပဲ ကိုယ့်ရဲ့ မှောင်မိုက်နေတဲ့ ဘ၀ကြီးကို အပြီး မျှောချ လိုက်ချင် ပါတော့တယ် ဧရာဝတီ ရယ်။

ငါဟာ မတည်ငြိမ်တဲ့ မိုးတိမ်ပဲ... ကနေတဲ့ ဇာတ်လမ်း မှားနေပြီ...
ဘယ်လိုနေထိုင်ရမလဲ ဘ၀ဆိုတာ... အိုး---ပြဇာတ်တပုဒ်လိုပဲ....

ငါဟာ မတည်ငြိမ်တဲ့ မိုးတိမ်ပဲ... ငါဟာ ဂျစ်ပ်ဆီ-ဟေ့ ခရီးနှင်တယ်...
ကြိုတင်ကာ ဇာတ်ညွှန်းဖတ်မလာသူ... မင်းသား တယောက် လိုပဲ...

ဘ၀ ဇာတ်ခုံပေါ်မှာ ကိုယ်က ဇာတ်လိုက်လုပ်ပြီး တက်ကမိတာလား။ ဘယ်သူတွေက ဇာတ်ဆရာ ဒါရိုက်တာ လုပ်ပြီး ဘယ်သူတွေက ကြည့်နေတာပါလဲ။ ကိုယ့် ဘ၀ကြီး တခုလုံးက တခန်းရပ် ပြဇာတ်လား။ ဒါဆို ဘယ်တော့ ရပ်မလဲ။ ကိုယ် သည်ဇာတ်ကို နားချင်နေပါပြီ။ ပြီးတော့လည်း ကိုယ့်ကို ဘယ်သူက မင်းသား လုပ်ခိုင်းတာလဲ။ ကိုယ့်ဘာသာ ကိုယ်တော့ မင်းသား မလုပ်မိတာ အမှန်ပါပဲ။ နေရင်းထိုင်ရင်း မင်းသား ဖြစ်လာရသူပါ။ ခုတော့လည်း ကြိုတင်ပြီး ဇာတ်ညွှန်း မဖတ်လာခဲ့တဲ့ မင်းသားဟာ အလွမ်းတွေနဲ့ ပြည့်သိပ် ပွဖောင်းနေတဲ့ ဂျစ်ပ်စီမိုးတိမ် အဟောင်း ကြီးပါပဲ။ လောလောဆယ်တော့ ဘယ်ကောင်းကင်ဆီကို ခရီးနှင် လွင့်မျောရမှန်း မသိတော့ပါဘူးလေ။

နေညိုချိန်ရဲ့ လေညင်းလေး... သယ်ယူလာတဲ့ အမှောင်ရဲ့ည... သတိရမိတယ် မင်းနဲ့ ငါ့ အတိတ်ဟောင်း... အို... ပင်လယ်ပြင်မှာ ရိုက်သောလှိုင်း... ခံနိုင်ရည်နဲ့ ဖြတ်သန်းတိုင်း... ဘ၀ရဲ့ လှိုင်းဒဏ်ကြားထဲ တို့ ပျော်ခဲ့... ရင်မှာဝမ်းနည်း... ခိုင်မာနေတဲ့ အချစ်ပျက်သုဉ်း... တို့ ဝေးမယ့်အကြောင်းတွေ မရှိခဲ့... ယုံကြည်နေရင်းနဲ့... အဝေး-- ဝေးပြီဟေ့---
ဒဏ်ရာတွေနဲ့ည----- နာကျင်နေတဲ့အချိန်တိုင်း----- ကိုယ်ဘယ်လိုမှ ဖြတ်သန်း မရနိုင်တဲ့ အလွမ်းများ------
နေညိုချိန်တွေ ငါကျောခိုင်း ... အချိန်နာရီတွေ ငါမေ့လိုက်... တို့ရှေ့ဆက်ရမယ့်လမ်းများလည်း ပျောက်ဆုံး... ဒီရာသီတွေဟာ လည်ပတ်ခဲ့... ဘ၀ရဲ့ လှိုင်းဒဏ်တွေ့ရတိုင်း... အို- မင်းမရှိတဲ့အခါ တမ်းတရင်း ကြေကွဲ... ရင်မှာဝမ်းနည်း... ခိုင်မာနေတဲ့ အချစ်ပျက်သုဉ်း... တို့ ဝေးမယ့်အကြောင်းတွေ မရှိခဲ့... ယုံကြည်နေရင်းနဲ့... အဝေး-- ဝေးပြီဟေ့---
ဒဏ်ရာတွေနဲ့ည----- နာကျင်နေတဲ့အချိန်တိုင်း----- ကိုယ်ဘယ်လိုမှ ဆက်ပြီး မရုန်းနိုင်တော့... ပြေးထွက်ခဲ့ ... အတူတူလျှောက်ဖူးတဲ့နေရာများ... မင်းရယ် တို့ရယ်... ရင်မှာ ရူးသွပ်တဲ့ ညတိုင်း... အလွမ်းများ-----
ယုံကြည်တာတွေကိုလည်း မယုံကြည်တော့ဘူး။ မယုံကြည်တာတွေကိုလည်း မယုံကြည် နိုင်ဘူး။ တကယ်တော့ အလွမ်းတွေက လွဲလို့ ဘာကိုမှ မယုံကြည်ချင်တော့ဘူးလေ။ အလွမ်းများ နဲ့ တ၀ုန်းဝုန်း မောင်းချသွားတဲ့ ခန္ဓာ ရထားကြီးကို ထမ်းထားရင်း နေ့နဲ့ည သံလမ်း ၂ စင်းကတော့ ခပ်တင်းတင်းပဲ ကျန်းမာရေး ကောင်းနေဆဲ။ မျက်စေ့ တဆုံးက ဟိုး မိုးကုပ်စက်ဝိုင်း အစပ်မှာ သည်ရထားကြီး ရပ်သွားရင်လည်း ကောင်းမယ် ထင်ပါရဲ့။

တစ်လောကလုံးမှာ... ခရမ်းနုရောင်လေးတွေ... မှိုင်းမှိုင်းဝေနေ…
နှင်းဝတ်မှုန်တွေရဲ့... အတားအဆီးမဲ့ နယ်ကျွံမှုတွေ...
ရင်ခွင်မှာ တွယ်ငြိလာတဲ့... အတိတ်ဆိုတဲ့ ကမ္ဘာ…

အပေးအယူလေးကို... တောင်းဆိုဖို့ရာ... အလှမ်းဝေးနေပြီလား…
နှောင်းနေချိန်မှာ... မထူးတော့တဲ့ မျှော်လင့်ခြင်းတွေ... ရင်ခွင်မှာ ခံစားနေတဲ့... ဘ၀ဆိုတဲ့ကဗျာ…

အဆုံးစွန်အထိသာ... တွေ့နိုင်ခဲ့ရင်... မဆုံးဖြတ်ခဲ့ပါဘူး…
အမှားဝင်္ကပါမှာ... စိတ်နောက်ကိုယ်ပါမိတော့ ... ရင်ခွင်မှာ... နာကျည်းနေတဲ့... နောင်တတွေနဲ့လူ…

ငယ်တုန်းကတော့ နောင်တဆိုတာ ဘာလဲလို့ တွေးမိခဲ့ဖူးတယ်။ စာတွေထဲ ဖတ်ရတဲ့ အခါလည်း နားကို မလည်နိုင်ဘူး။ ခုတော့လည်း နောင်တတွေနဲ့ နာကျည်းနေတဲ့သူဟာ ကိုယ်ကိုယ်တိုင်ပဲ ဖြစ်နေပါရော လားလေ။ နာကျင်မှုတွေနဲ့ ပြည်မှာဆောင်း ကို အခုမှပဲ ကောင်းကောင်း ခံစားနေမိတော့တယ်။

ကြွေပြီ... ပုန်းညက်... လွမ်းခ... သစ်ရွက်စွေ...ဖြေသိမ့်တွေးလေ... နေနိုင်စေသား...
နွမ်းလျတဲ့... ဘ၀နွေ... ချွေးသိပ်ခဲ့ပြီ...မေ...
ညှိုးလျော့ခဲ့... ခြေတလှမ်းဟာ... ရင်နာရွာ... ပြန်မလှည့်ဘူး...မေ...
ချစ်ခွင့်ထူးခံ... ဆုပန်မယ့်... ယောက်ျားထဲ ...ကိုယ်... မပါနေဆဲပါ...

ဝေသီ... ညှိုးရက်...ဆိုးသက်ပင့်... ရှိုက်နေ... မြေစိမ့်စမ်းရေ... လွင်နိုင်စေသား....
ဖူးဆဲ... အပွင့်... လန်း နေရှာ... လွမ်းစကားသင့်... နွမ်းပြီလေ...
ဆန်းပြားခဲ့... အတိတ်လမ်းမှာ...ဝေဒနာရွာ... တည်ဆောက်ဆဲ... မေ...
အမုန်းခွင့်ထူးခံ... ဆုပန်မယ့်... ယောက်ျားဟာ...ကိုယ်တယောက်ထဲပါ...

အချစ်ကို ရှာရတာ ခက်တယ်။ အဲသည်တော့လည်း လွယ်လွယ်ကူကူ အမုန်းကိုပဲ ခံစားရင်း တယောက်ထဲပဲ လွမ်းသင့်ဝေသီ နေမိတာက ကောင်းမယ် ထင်ပါရဲ့လို့ တခါတခါတော့လည်း တွေးနေမိသေးတယ်။

ရင်မှာ... မှန်လိုကွယ်... မြင်နေမယ်... ရာသီတွေ... အချိန်တွေ... ပြောင်းဦးကွယ်... နောက်ထပ်... ပေးဦးမယ့် နေ့တွေအလယ်... ပုံသဏ္ဍာန် ထင်မြင်ယောင်... လွမ်းရမယ်... ဟိုအရင်... ကျနော်... ငယ်စဉ်အရွယ်...ကလေးတယောက်နဲ့... လမ်းကလေးများ... ကျောင်းဆင်းနဲ့... ကျောင်းတက်... တ၀ဲလည်လည်... ရောင်စုံပုံ... ထင်ရာဆွဲချင်တယ်... ငိုလွယ် ရီလွယ်... ပျော်လည်း ပျော်တယ်... ပြီးတော့... ကြီးပျင်းတဲ့ လမ်းပေါ်ဝယ်... ရန်ခုန်သံ မြန်မြန်... အချစ်တဲ့ကွယ်... ဆွေးဖို့... အသည်းကွဲဖို့... ရောက်လာတယ်... မကြာခင် ကြုံပြီ... အလွမ်းတဲ့ကွယ်... ဒိုင်ယာရီကို... မြင်ယောင်တယ်... ကလေးလေးရဲ့... လမ်းများအပြီး... အချိုးအကွေ့နဲ့... အပြောင်းအလဲ... လမ်းပေါ်မှာ... သီချင်းတပုဒ်လောက်... မကောင်းတော့ပါ... ကဗျာ ကာရန်... မညီညာ... ဘ၀ရဲ့လင်္ကာ...
စိတ်ညစ်စရာတွေ ကြုံတိုင်း ကလေးဘ၀တုန်းက ပျော်ပျော် ရွှင်ရွှင် ဆွဲခဲ့ဖူးတဲ့ ပျော်ရွှင်စရာ ရောင်စုံ အရုပ်ပုံလေးတွေကို ပြန်ပြီး မြင်ယောင်နေမိတယ်။ ခုတော့ ကိုယ်ဆွဲမိသမျှ ရုပ်ပုံတွေက စိတ္တဇဆန်ပြီး ထိုင်းမှိုင်း မဲမှောင်လို့။ ဘ၀ရဲ့လင်္ကာ အတွက် သရုပ်ဖော်ပုံတွေက သီချင်း တပုဒ်လောက်တောင် မကောင်းတော့ပါဘူးလေ။

နေရစ်ခဲ့လို့... ထားခဲ့သူ... ပြန်တွေ့ကြဖို့... မလွယ်ကူ...
နေရစ်ခဲ့... တယောက်ထဲ... ဘ၀မှာ... အတိတ်ရဲ့...အရိပ်တွေ... နေရာတကာ...
နေရစ်ခဲ့လို့... ခွဲခဲ့တာ... ရက်စက်လှတဲ့... ကံကြမ္မာ...

သီချင်းကတော့ တယောက်မျက်နှာတယောက်ကြည့်ကာ။ လက်တွေ့ဘ၀ကတော့ ကိုယ်ကြည့်နေရတာ ဟင်းလင်းပြင်ကြီး။ ဘာမှကို မရှိဘူး။ လွတ်လပ် လေဟာနယ်ကြီး။ အဲသည်ထဲမှာ ကိုယ့်ကံကြမ္မာကို ကိုယ် ပြန်ရှာရဦးမယ်။

အပူရှိန်... နေ့ဖက် ပြင်းသည်ထက်ပြင်းလာပြီ... မဟူရာ... ညကျ “လ”က မရှိ...
သည်လို... အသည်းကွဲမြို့က... လွတ်ချင်ပြီ... ဒဏ်ရာ... ဒီဂရီ... မြင့်သည်ထက်မြင့်လာပြီ...
မေရယ်... ကျောခိုင်းဖို့... ဆုံးဖြတ်လို့... မုန်းပြီလား... အချစ်ရဲ့...
မင်းမရှိတဲ့... မြို့တော်မှာ... ကိုယ်ဟာ... ၀မ်းနည်း ဆွေးမြေ့မူး... လမ်းတွေမှာ... အဖော်မပါ...
ခေါင်းငိုက်စိုက်နဲ့ လှမ်းနေမိ... ချစ်သူရေ... လွမ်းနေမိ...
မင်းမရှိတဲ့... မြို့တော်မှာ... ကိုယ်ဟာ... ထွက်ပေါက်တွေ့ဖို့တော့... ခု မလွယ်ကူပါ...
ပြေးဖို့... မြေမရှိ... မတွေးရဲ... ဆွေးမြဲ ဆွေးနေပြီ...

ခုတော့ အသည်းကွဲမြို့တော် ထဲက ကိုယ် ထွက်ပါတော့မယ်လေ။ ပြီး အသည်းကြေတဲ့ မြို့တော်ထဲ ကိုယ် ရောက်သွားမှာပေါ့။ ပြီးရင် အသည်းအက်တဲ့ မြို့တော်ကိုလည်း ကိုယ် အလည်သွားဦးမှာပါ။ အဲသည်က ပြန်ရင် အသည်းခွဲတဲ့ မြို့တော်မှာ ကိုယ် စားသောက်ဆိုင်ဖွင့်မယ်။ အသည်းတွေပဲ ကျော်ရောင်းမယ်လေ။ ဒါပေသည့် စီးပွားဖြစ်မယ် မထင်ပါဘူး။ ဘယ်သူကိုယ်နဲ့ ရှယ်ယာ ထည့်ကြဦးမလဲ... ?

(အောင်သာငယ်)

13 comments:

ခရေညို said...

သီချင်းအားလုံးကောင်းပါတယ် ကြိုက်လည်းကြိုက်ပါတယ် လေးဖြူ ရဲ့ အလွမ်းများကိုတော့အကြိုက်ဆုံးပဲ။
ကိုအောင်သာ မောနေရောပေါ့ ဆက်တိုက်ဆိုနေရလို့

နန်းညီ said...

ငါ မင်းကို.. သတ်ချင်တယ်..း)

Anonymous said...

ကောင်းကင်ကြီး ပြာလွင်နေတဲ့အချိန်မှာ (အနော် တက်ဂ်ထားတယ်လို့ သဘောထားပြီး )ဆိုညည်းဖြစ်တဲ့ သီချင်းတွေကို နောက်တစ်ခေါက်ရေးပါဦး ...။
ဘလာဂေါ်မဟုတ်ရင် တက်ဂ်လို့ မရဘူးလား.. ဘာလားတော့ မသိ... ။:D


SDL

Anonymous said...

ခုသီချင်းတွေလည်း အကြိုက်တွေပါပဲ.....

အသည်းကြော်ရောင်းမယ်ဆိုရင် ဗဒင်
"ချစ်အသည်းကျော်မလေး" သီချင်းပါ ထည့်ဆိုသင့်တယ်..။

Anonymous said...

အပေါ်က SDl ပါ..

လင်းဒီပ said...

သီချင်းတွေဟာ ဘဝမှာ လိုအပ်တဲ့ ဖြေဆေးတစ်ခုပါပဲအစ်ကို..။

Kaung Kin Ko said...

တိုက်တိုက်ဆိုင်ဆိုင် အစ်ကိုရာ။ ဟိုနေ့ ကတင် အသည်းကွဲမြို့ တော် သီချင်း လက်ဘက်ရည်ဆိုင်မှာ ကြားလိုက်ရသေးတယ်။

မြတ်လေးငုံ said...

လေးဖြူဆိုထားတဲ့အလွမ်းများသီချင်းကို
ပြန်ပြီးခံစားလိုက်ပါတယ်။ကျမအမျိုးသား
ဒုတိယအကြိမ်ထောင်ကျစဉ်ကကျမ
သိပ်နှစ်သက်မြတ်နိုးခဲ့ရပါတယ်။အမြဲတမ်း
တယောက်ထဲဆိုဖြစ်ခဲ့ပါတယ်။ခုတော့
ဒီသီချင်းလေကိုကျမတို့၂ယောက်တူတူဆို
ိုလိုက်ပါပြီးရှင်။

ရေတမာ said...

ရှယ်ယာပါမယ် အကို ;P

ရွှေရတုမှတ်တမ်း said...

သီချင်းနားထောင်ပြီး....
အကို့အသဲကကျောက်စိုင်ကျောက်ခဲတွေမို့...
ကွဲတော့ မကွဲဘူး....ဒါပေမယ့်.....
ပဲ့ကျကုန်ပြီ

mirror said...

တို့သိနေတယ်လေ...ကိုယ့်အကိုကြီးတယောက်ရဲ့ ဒီလိုပေါက်ကွဲသံစဉ်တွေ၊နှလုံးသွေးနဲ့ပွက်ပွက်ထနေတဲ့
ခံစားမှုတွေကို ဖွင့်ချဖြစ်ပါစေတော့လို့ အလိုက်ကမ်းဆိုးမသိစွာ တက်ဂ်လိုက်တာပဲလေ :)

အမြန်ဆုံးနဲ့ သီချင်းတွေအများကြီးဆိုပြပေးသွားတာ ကျေးဇူးပါ။

အစဉ်ထာဝရ လေးစားခင်မင်လျက်

mirror said...

ပြောဖို့ကျန်သွားလို့..း)
ကဗျာတွေပါ တလက်စထဲဖတ်ရလိုက်သေးတော့
ကျေးဇူးက ထပ်တင်ချင်ပြန်ရော..။
ပြောဖူးတယ်မား။ကဗျာတွေကို ပိုရူးသွပ်ပါတယ်လို့.. :D

Anonymous said...

အပေါ်က သီချင်းတွေထဲက အလွမ်းများ နဲ့ ဘ၀အလင်္ကာ ကို အကြိုက်ဆုံးဘဲ... မရေးချင်ဘဲနဲ့ ရေးထားတဲ့ အကိုကြီး ရော ချစ်ခင်လို့ တဂ် လိုက်တဲ့
ညီမငယ် ကြေးမုံ ကိုရော ကျေးဇူးပါနော့ ( သူများရေး
တာတွေဘဲ အလကားဖတ်ရလို့ ဟီးး)

mie nge