Jul 20, 2008

အချစ်အကြောင်းပြောရမယ်




















အချစ်မပါရင်
ကမ္ဘာပျက်တာ
ကြာလှပေါ့။

အချစ်တွေ---
အချစ်တွေ---
လူဆိုတဲ့ စပီးစီး အသက်ရှည်နေတာ
ဒါကြောင့်ပေါ့ကွယ်။

ညီလေးရေ---
ညီမလေးရေ---
မသေခင်လေးမှာ
ချစ်ကြပါကွယ့်
သေသွားခဲ့ရင်
ချစ်လို့ မရတော့ဘူး။

ဗမာပြည်ကို ချစ်ပါ။
အောင်ဆန်းစုကြည်ကို ချစ်ပါ။
မင်းကိုနိုင်ကို ချစ်ပါ။
ကျောင်းသားတပ်မတော်ကို ချစ်ပါ။
ပြည်သူလူထုကို ချစ်ပါ။
ဒီမိုကရေစီကို ချစ်ပါ။
လူ့အခွင့်အရေးကို ချစ်ပါ။
ကိုယ့်ကိုယ်ကို ချစ်ပါ။
ကိုယ့်ချစ်သူကို ချစ်ပါ။
နေ၀န်းနီနီကို ချစ်ပါ။
မြက်ရိုင်းထူထူကို ချစ်ပါ။
သက်တန့်တွေကို ချစ်ပါ။
ဟင်းလင်းပြင်ကို ချစ်ပါ။
အရှည်ကြာဆုံးနေ့တနေ့ကို ချစ်ပါ။

အချစ်တွေနဲ့
ချစ်နေသမျှ
နှစ်တွေဘယ်လောက်ကြာကြာ
မရိုးသွားပါဘူးကွယ်။

ညီလေးရော-
ညီမလေးရော-
အခုဆို
သိနေရောပေါ့
အချစ်အကြောင်းကို
ပြောကို ပြောရတော့မယ်ဆိုတာ။

ATN

4 comments:

Kaung Kin Ko said...

ကဗျာလေး ဖတ်သွားတယ် အစ်ကို

mgphonemyint said...

တစ်နေ့ နေ့တော့ ပြောရမှာ ပေါ့ အကိုရာ....
အကို ပြောခိုင်းလို့ သာ ပြောရတာ နော်...
ပြောစရာ လေး ဘာလေး.........
ရှာပေးအုန်း.....။

သက်ဝေ said...

သေချာပါတယ်...
အချစ်မပါရင် ကမ္ဘာပျက်တာ ကြာလှပေါ့...။

သတိပေး စကားတွေအတွက် ကျေးဇူးတင်ပါတယ် အကို..။ လေးနက်သော ချစ်ခြင်းများစွာနဲ့  ရွှင်လန်းချမ်းမြေ့ပါစေ..။

မေငြိမ်း said...

အချစ်အကြောင်းပြောတဲ့ အဖော်တော့ ရပြီ။
တော်ပါသေး....