Jul 3, 2009

သင်္ချိုင်း










အဖေ
နေဆည်းဆာ ညို
ကျီးတို့  ပြို။

အမေ
မျက်ရည်ပဲ ကျန်
လောကဓံ။

တမာ ထနောင်း၊
ရှားစောင်းတပင်၊ အညာသားရင်
မြေတွင်ထိုးစိုက်၊ ထိုအခိုက်။

မောင်လွမ်းဏီ
၁၂-၅-၀၉

2 comments:

နဒီမိုးညို said...

ကဗျာလေး..က ကောင်းလွန်းလို့ 
သုံးခေါက်ဖတ်သွားပါတယ် ရှင်

ကိုလူထွေး said...

ထပ်တူကြေကွဲမိပါတယ်...