May 23, 2009

သေတမ်းစာ















ဟောသည်ကမ္ဘာမြေမှာ
ဘယ်လိုလူတွေမှ မတွေ့ခဲ့ဖူးတဲ့
ပန်းအဖြူရောင်တွေ ပွင့်တဲ့ တနေ့မှာ
မင့်အမည်ကို ငါရေးခဲ့ပါတယ်
အဲသည်နေရာကတော့
ငါ့ နှလုံးသားပေါ့

ခွင့်လွှတ်ပါလေကွယ်
မင့် အမည်မပါတဲ့
အခြားနေရာတွေမှာလည်း
ငါ့နှလုံးသားက
မဖူးပွင့်တတ်လေဘူး

ATN

Photo Source: http://farm3.static.flickr.com/2156/2231600748_f215d6082b.jpg

8 comments:

mysterysnow said...

အကိုရေ
ပန်းဖြူဖြူလေးပွင့်တဲ့နေ့မှာ
အကို့ကဗျာလေးကို ပထမဆုံး လာဖတ်ပါတယ်...
မင်္ဂလာရှိတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေ။

မယ့်ကိုး said...

မင့် အမည်မပါတဲ့
အခြားနေရာတွေမှာလည်း
ငါ့နှလုံးသားက
မဖူးပွင့်တတ်လေဘူး...

ကဗျာလေးက နှစ်သက်ချစ်စဖွယ်။....:)

MANORHARY said...

သေတမ်းစာဆိုတော့
အမွေများပေးခဲ့မလားလို့
ပြေးလာတာ..း)း)

tg.nwai said...

အစ်ကိုရေ.. ကဗျာလေးလာဖတ်သွားပါတယ်... ပန်းဖြူဖြူတွေ ပွင့်တဲ့ တနေ့ပေါ့..
အခုတလော အစ်ကို ပို့စ်တွေ နေ့တိုင်းတင်နေလို့ ကဗျာလေးတွေ ဖတ်နေရတာ ကျေးဇူးတင်ပါတယ်..

Anonymous said...

နှလုံးသားနဲ့ ရေးတဲ့ သေတမ်းစာလား ?

Unknown said...

ဟုတ်ပါ့ ချစ်ကိုကြီးရယ်....မနော်ဟယ်ရီ ပြောသလိုများလားလို့ .........
ခုတော့..မောတာပဲအဖတ်တင်တယ် လူဆိုးကြီးနော်
အဲလောက်လည်း မစိုးရိမ်ပါနဲ့ဗျာ ညီတို့က မျှမျှတတ
ဖြစ်အောင် ခွဲဝေယူပါ့မယ်နော့..
သေတမ်းစာအတိုင်းဆို ချစ်ကိုက မျက်နှာလိုက်ပြီးရေး
ခဲ့ရင် ဘယ်လို လုပ်မလည့်းနော့ ဟုတ်ဖူးလားဗျာ့ ။
အဟီး

အိုင်လွယ်ပန် said...

ကြိတ်ဟ ငါ့အစ်ကိုရ ...
လှလိုက်တဲ့ကဗျာ ....

Moe Cho Thinn said...

သဘောကျသွားပြီ။
ကဗျာဆရာ ယူထားတဲ့ အမတော့ သိပ်စိတ်ချမ်းသာမှာပဲ။