May 9, 2009

More than words

အခုရက်ထဲ The Love Guru ဆိုတဲ့ Comedy ရုပ်ရှင် တကားကို ကြည့်မိပါတယ်။ တချို့လည်း သည်ကားကို ကြည့်ဖူးကြမှာပါ။ အဓိကဇာတ်ကောင်ဖြစ်တဲ့ အိန္ဒိယက Guru Pitkta အဖြစ် Austin Power ဟာသ ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့တဲ့ Mike Myers က သရုပ်ဆောင် ပါတယ်။ မင်းသမီးကတော့ Jessica Alba ပါ။ ရုပ်ရှင်ထဲမှာ ပါတဲ့ သီချင်းတပုဒ်ကို သူတို့ ဆိုနေပုံကို ကြည့်ရတာ ရီရလွန်းလို့ ဂီတ ကြိုက်တဲ့ ဦးဂင်ကြီးတို့လို သူငယ်ချင်းတွေနဲ့ ကျန်သူတွေအတွက် မျှဝေပေးလိုက်တာပါ။ ကြည့်ဖူးသူတွေအတွက်တော့ ရီရမယ် မထင် တော့ဘူး။ သည်သီချင်းရဲ့ မူရင်းကတော့ Extreme ရဲ့ More Than Words ဖြစ်ပါတယ်။ (ကြည့်လို့ မရီရရင်တော့ ဒါရိုက်တာကိုပဲ အပြစ်ဖို့ကြပါ...း)



14 comments:

khin oo may said...

ထူးအိမ်သင်သီချင်းကြိး။။

khin oo may said...

အဟင့် ရယ်လည်းမရယ်ရဘူး ဘယ်နားမှာလည်း ရယ်ရတယ်ဆိုတာ. ဟီဒဟဟီး.

khin oo may said...

လစ်ပြီ။

mienge said...

ဟာသကားမကြိုက်ပါ , music ဘဲကြိုက်ပါတယ်...ကျေးဇူးပါဗျို့  ကိုအောင်သာငယ် !

လင်းဒီပ said...

သီချင်းလေးကြည့်ရီရင်း ရုပ်ရှင်ရှာကြည့်မလို့ သွားပြီအစ်ကို..။

ကောင်းကင်ပြာ said...

ညီမလဲ ရုပ်ရှင် ရှာကြည့်လိုက်ဦးမယ်

yehtutnaung said...

ဟား ဟား.. ကျွန်တော်လဲ အဲဒီကား ကြိုက်တယ်။ Indian Version နဲ့ ဆိုတာလေ..။ သူပြောတတ်တဲ့ "TM" ဆိုတာ တော်တော်သဘောကျတာ။ ထပ်ကြည့်သွားတယ်..အကိုရေ။

သက်ဝေ said...

မကြည့်ဖူးသေးဘူး..
သီချင်းဆိုတာတော့ တော်တော်ရယ်ရတယ်...
အားရပါးရကို ဆိုနေတာပဲ... ဟားဟားဟား...

ATN said...

မKOM - ထူးအိမ်သင်က ပြန်ဆိုထားတာဗျ... သည်မှာ သူတို့က More Than Words ကို အိန္ဒိယသံနဲ့ သက်သက် More Than Vards လို့ ဆိုထားတာလေ ...
Mie Nge - Music ကြိုက်တော့လည်း သီချင်း နားထောင်ရတာပေါ့...
လင်းဒီပ၊ ကောင်းကင်ပြာ၊ သက်ဝေ - ရုပ်ရှင်ကတော့ သိပ် မရီရဘူးနော်... တော်ကြာ မရီရရင် ကိုယ့် အပြစ်ဖြစ်နေမှာစိုးလို့ ကြိုကန် ထားတာ...း)
နေညိုရင့် - သူပြောတဲ့ Guru နဲ့ Bible ရဲ့ အဓိပ္ပါယ်ကိုရော မကြိုက်ဘူးလား...
GURU ... G = Gee, U = You, R = Are, U = You ... > guru = Gee, you are you.... :)
BIBLE ... B = Basic, I = Instructions, B = Before, L = Leaving, E = Earth... > bible = basic instructions before leaving earth တဲ့...း)

Anonymous said...

ကြည့်ဖူးသေးဘူး.. ဒီရုပ်ရှင်
အညွှန်းကောင်းလို့ ပြေးရှာကြည့်အုံးမယ်..
သီချင်းဆိုတာကတော့ အပြတ်မိုက်တယ်..:)

mama

ကိုလူထွေး said...

ရုပ်မြင်သံကြားမှာ ပြသွားလို့ ရုပ်ရှင်ကိုတော့ ကြည့်ဖူးတယ်..
သီချင်းကတော့ ဝင်းမင်းထွေးရဲ့ စကားလုံးတွေနဲ့  နားထောင်ဖူးတယ်..
ကောင်းတယ်..

ကိုလူထွေး said...

အိန္ဒယမျိုးနွယ်ဝင်တွေက များသောအားဖြင့် အတွေးအခေါ်ကောင်းကြတယ်..

တခြားမကြည့်နဲ့  ဗုဒ္ဓကိုပဲ ကြည့်..

Anonymous said...

westlife လဲ version နဲနဲပြောင်းပြီးဆိုထားသေးတယ်

:P said...

ကြည့်သွားပါ၏။