Aug 3, 2009

ခုတလော (တဂ်လို့ရေးတဲ့စာ-၉)

တွေးနေမိတာက
(၁) ဗမာပြည်ကြီး ဘယ်တော့မှ လွတ်မြောက်ရေးရမလဲ
(၂) ငါလည်း ဘယ်တော့မှ ဖူးလ်တိုင်းမ်အလုပ်တခုရမလဲ
(၃) ကားအသစ်တစီး ဘယ်တော့မှ ၀ယ်နိုင်မလဲ...း)

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
အတော့ကို သနားစရာကောင်းတဲ့ သတ္တ၀ါ တကောင်ပါပဲ။
ဘ၀အကြောင်းကို ခုထိ ဘာမှကို မသိသေးဘူး။

ကျန်းမာရေး
ဒေါင်ဒေါင်မြည်နေဆဲပဲ။
ဘ၀ဟိုင်းဝေးမှာ ပြေးလို့ကောင်းနေဆဲ။

ဖတ်ဖြစ်တဲ့စာအုပ်တွေက
တအုပ်ထဲပါ။
သမ္မာကျမ်းစာ။
လောလောဆယ် ဖတ်နေမိတာကတော့ ရှောလမုန်သီချင်း။
သခင်နှုတ်ဆက်သော နမ်းခြင်းဖြင့် ကျွန်မကို နမ်းပါစေ။
ကိုယ်တော်၏ မေတ္တာသည် စပျစ်ရည်ထက် သာ၍ ကောင်းပါ၏။ (ရှော - ၁း၂)

ရောက်နေဖြစ်တာက
FaceBook ထဲက Mafia
(သုံးမရတဲ့ ပိုက်ပိုက်တွေတော့ အများကြီး ရတယ်။
စိတ်ချမ်းသာစရာကောင်းလိုက်တာ။
ကစားနေတုန်း ပြောပါတယ်)

ရေးဖြစ်နေတာက
ကဗျာတွေချည့်….
(ခေါင်းထဲမှာရော... ဘလော့စပေါ့က ပို့စ်တင်းမှာရော...
ဒါပေသည့် အဆုံးကတော့ မသပ်နိုင်သေး...)

နားထောင်ဖြစ်နေတာက
ထူးအိမ်သင်ရဲ့ သီချင်းတပုဒ်။
(နံမည်တော့ မသိဘူး... သိတဲ့လူတွေ ပြောသွားကြပါ)
(http://thachinmyar.blogspot.com) က နံပတ် ၁၇ မြောက် သီချင်းပါ။

ရွတ်နေမိတဲ့ကဗျာက
ဧဒင်မျိုးတုံးဖို့
လူသားဗုံးတွေ
တလုံးပြီး တလုံးပေါက်ကွဲနေချိန်မှာ
တို့တယောက်ကို တယောက်
ပိုချစ်ကြရအောင် ဒေလီယာ…..
(သစ်ကောင်းအိမ်)
နောက်နေ့ကျမှဆက်ပြောရအောင်

ဖြစ်ချင်နေတာက
Bill Gates
(Face Book မှာ သူ့ကို add တဲ့သူတွေ များလွန်းလို့ ထွက်သွားရပါသတဲ့။
ကျနော်လည်း ဖွဘွတ်ကနေ ထွက်သွားချင်ပါတယ်။ အားလုံး ၀ိုင်း add ပေးကြပါ...း)

စားဖြစ်နေတတ်တာက
ဖြစ်သလိုချက်ထားသော မနက်စာ၊ နေ့လည်စာနဲ့ ညစာများပါ ခင်ဗျား။

သနားနေမိတာက
ကိုယ့်ကိုယ်ကို။
(ကမ္ဘာပေါ်က သန်း ၆၀၀၀ အထဲမှာ
အမိုက်မဲဆုံးသော လူသားတယောက်၊
ဖခင်တွေထဲမှာ အဆိုးဆုံးသော ဖခင်တယောက်၊
လင်သားတွေထဲမှာ အသုံးမကျဆုံး လင်သားတယောက်၊
သားသမီးတွေထဲမှာ မိဘမျက်နှာ အပျက်ဆုံး သား တယောက်...)

လွမ်းနေမိတာက
မနှစ်က ဆုံးပါးသွားတဲ့ ချစ်သော မေမေ။

မေ့လျော့ပစ်နေမိတာက
အတိတ်မီးလျှံများ (မနော်ဟရီဆီမှ ကူးယူလိုက်ပါသည်)

ခါးသက်နေမိတာက
မိတ်ဆွေအဖြစ် ဟန်ဆောင်ထားသော မျက်နှာများ။

တမ်းတနေမိတာက
ချစ်တဲ့ အကိုကြီးရယ်၊ ချစ်တဲ့ သူငယ်ချင်းတွေရယ်နဲ့ အတူတကွ ညညတွေတိုင်းမှာ ထိုင်ပြီး ဂစ်တာတီးခဲ့ဖူးတဲ့ ပိတောက်ပင်တပင်အောက်က သစ်သားထိုင်ခုံလေး။

ကြိတ်ပြီးချီးကျူးနေမိတာက
ပင်လယ်ထဲ ရေချိုးဆင်းပြီး ပင်လယ်ရေကလည်း ငန်လိုက်တာလို့ ပြောတဲ့သူ။

ကြိတ်ပြီးအထင်သေးနေမိတာက
ကိုယ့်ကိုယ်ကို ငါးထင်နေတဲ့ ဖားလောင်းတွေ။

ဆန္ဒမရှိတဲ့နေရာ
အမေရိကတိုက်။

ဆန္ဒရှိနေတဲ့ကိစ္စ
မကေရဲ့ ဆယ်လမွန်ငါးတို့အပြန်။

မုန်းတီးနေမိတာက
နအဖ သို့မဟုတ် SPDC

ချစ်နေတာက
သက်ရှိ - ကျနော့်ရဲ့ ငှက်ကလေး သုံးကောင်။
(မင်းဆက်အောင်၊ ညီဆက်အောင်၊ ရန်ဆက်အောင်)
သက်မဲ့ - ကျနော့်ရဲ့ လျှပ်စစ်ဂစ်တာ ၂လုံး။
(သူတို့က ကျနော် အသံထွက်စေချင်သလို ထွက်ပေးတယ်)

စိတ်ပျက်နေမိတာက
စီးပွားပျက်ကပ်ကြီး

စွဲလန်းနေမိတာက
နှင်းဆီဖြူတပွင့်။

လိုအပ်နေတာက
ချစ်ခြင်းမေတ္တာ။

တောင်းနေမိတဲ့ဆု
ကယ်လီဖိုးနီးယား လော်တို ပေါက်ပါစေ။

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
အချစ်ပေးပါ... အချစ်သာ... ပေးပါ့...
(မျက်ရည်ငှက်များ နားစေသတည်း အယ်လ်ဘမ်ထဲမှာပါတဲ့ ကျော်ဟိန်းရဲ့ သီချင်းတပုဒ်။
နံမည်တော့ မမှတ်မိတော့)

ဝန်ခံချင်တာက
ရေးချင်လို့မဟုတ် ချစ်ခင်တဲ့ ညီမငယ် မနော်ဟရီက တဂ်လို့ ရေးလိုက်ရတာပါ။

ကဲ...
ရေးလို့ ပြီးသွားပါပြီ။
တာဝန်အရ ဆက်ပြီး တဂ်ရပါတော့မယ်။
ဖတ်နေသူများ မျက်ခုံး လှုပ်ကြပါ။

ညီ ကိုလူထွေး (ရေးပြီး)
ညီမ မအယ်
ညီမ ကိကီ (ရေးပြီး)
ညီငယ် ရေတမာ (ရေးပြီး)
မမွန် (သုနှင်းဆီ) (ရေးပြီး)
လင်းထက် (ရေးပြီး)
မောင်ဖုန်းမြင့် (ရေးပြီး)
ကိုဧရာနဲ့ မသီတာ (တယောက် တပို့စ်စီ ရေးပေးပါ...း) (ရေးပြီး)
ညီငယ် ရွာသားလေး (ရေးပြီး)
မှူးဒါရီ (ရေးပြီး)
ကလူသစ်ကြီး (ခင်မင်ရင်းနှီးစွာနဲ့ ကြီးတလုံး ပိုထည့်လိုက်သည်...း) (ရေးပြီး)
ညီ ကိုအောင် (ပျူနိုင်ငံ) (ရေးပြီး)
ဒူကဘာ
ကိုဂျက်လီ (ရေးပြီး)
ညီ ပီတိ
တူမငယ် ဆုမွန် (ရေးပြီး)
ညီမငယ် သက်ဝေ (ရေးပြီး)
ညီငယ် သီဟသစ် (ရေးပြီး)
ညီမ နုသွဲ့
ညီမငယ် နှင်း (ရေးပြီး)
အိမ်လွမ်းသူ
ရဲဘော် ဦးဂင်ကြီး (တခါမှ ဒုက္ခ မပေးဖူးသေးလို့... )

25 comments:

MANORHARY said...

အကို စတုတ္ထပါး)
ပထမ နန်းညီ
ဒုတိယ ကြေးမုံ
တတိယ ဖိုးစိန်
ခု အကိုပါ
ကျေးဇူးပါရှင်။

kay said...

ဟယ်..ဆုတွေတောင် ကြေငြာသွားပီ..ညနေက..ထမင်းချက်နေရတာနဲ့..ပ-ဒု-တ မ၀င်တော့ဘူး။ မနော်ရေ..ဘိတ်နောက်ပဲ လုပ်တော့မယ်။း)

ကိုအောင်သာငယ် လက်တလော ဖတ်ရတာ..စိတ်ညစ်လို့ ပြောင်ပြ ထားသလိုပဲ။း)
ဆော်လမွန်းငါး တွေ မြန်မြန်ပြန်ရပါစေ..

မယ့်ကိုး said...

အစ်ကိုရေ... ရေးဖြစ်နေတာ ကဗျာတွေဆိုလို့  ဝမ်းသာလိုက်တာ။ စောင့်နေတယ်နော်။ :)

သက်ဝေ said...

ရေးအုံးမှာ...
အကို.. ကျေးဇူးနော်..။

Anonymous said...

ဟား..ဟား..ဟား....မအယ် ဒုတိယ ရတယ်...ပျော်ထှာ...

များများသာ တဂ်ကြဗျို့  ....
ခင်ဗျားတို့ကဘဲ တဂ်လို့ ရေးနိုင်ကြမလား...ဘလော့ဂ်မရှိဘဲ ရွာရိုးကိုးပေါက် လည်နေတဲ့ ကျုပ်တို့လို ဖတ်တဲ့သူတွေကဘဲ ဖတ်နိုင်မလား...
တဂ်ဂ်ဂိမ်းကိုကြိုက်တယ်...ကိုယ် မရေးရလို့....ခွိ..ခွိ
ခုချိန်မှာ ဘလော့ဂ်မရှိလို့ ကိုယ့်ဘ၀ကိုယ် ကျေနပ်နေသူတဦး...... mie nge

ဘလော့ဂ်ဂါတွေ အားလုံးကို ဆုငွေများများနဲ့ ထီပေါက်စေချင်ပါတယ်...အဲဒါမှ အလုပ်လုပ်စရာ
မလိုဘဲ များများဘလော့ဂ်ဂင်းနိုင်အောင်လို့...

mgphonemyint said...

ခက်ပြီ.... အကိုနဲ့ဆို တဂ်ထားတဲ့လူက ၂ ယောက်တောင်ရှိပြီ...

ကြိုးစားကြည့်ပါ့မယ် .. ။

သီဟသစ် said...

အကိုကြီးရေ

ခုတလော ကို ခုတလော ရေးမှကောင်းမယ်ထင်တယ်
:D

ကြိုးစားရေးပါမယ် အကိုရေ၊
ခင်မင်စွာနဲ့ တဂ်လာလို့ကျေုးဇူးပါ။

တဂ်ကြွေးတွေ များနေတယ်။

ခင်မင်စွာဖြင့်
သီဟသစ်

pandora said...

လက်သွက်နေပါလားဗျို့

WWKM said...

အစ်ကိုရေးထားတာ လာဖတ်သွားပါတယ်..
ရယ်ရတယ်. ဖတ်လို့လည်းကောင်းပါ၏။
ကျမလည်းရေးရဦးမယ်... ဆဌမတောင်သေခြာပါ့မလားမသိ.း)

kiki said...

တိန် .. ဂိန် .. ကိန်....
ခုလောလောဆယ် ဟိုကနှက်လိုက် ..ဒီက တဂ်လိုက် နဲ့  ရှောင်လင်သိုင်းကွက် နင်းနေရပါသည် ...

အကြွေးစာရင်းသာ လုပ်ထားပါတော့ အကိုငယ်ကြီးရေ..
လာမည် ။ ကြာမည် ။ ပါချင်မှလဲ ပါမည် ...ပေါ့ ..

ကြည်ဖြူပိုင် said...

ဖတ်လို့ကောင်းတယ်အကို..စိတ်ဝင်စားစရာပဲ။
စိတ်ဝင်စားမိဆုံးစာသားလေးတွေပါ...

တမ်းတနေမိတာက
ချစ်တဲ့ အကိုကြီးရယ်၊ ချစ်တဲ့ သူငယ်ချင်းတွေရယ်နဲ့ အတူတကွ ညညတွေတိုင်းမှာ ထိုင်ပြီး ဂစ်တာတီးခဲ့ဖူးတဲ့ ပိတောက်ပင်တပင်အောက်က သစ်သားထိုင်ခုံလေး။

ကြိတ်ပြီးချီးကျူးနေမိတာက
ပင်လယ်ထဲ ရေချိုးဆင်းပြီး ပင်လယ်ရေကလည်း ငန်လိုက်တာလို့ ပြောတဲ့သူ။

ချစ်နေတာက
သက်ရှိ - ကျနော့်ရဲ့ ငှက်ကလေး သုံးကောင်။
(မင်းဆက်အောင်၊ ညီဆက်အောင်၊ ရန်ဆက်အောင်)
သက်မဲ့ - ကျနော့်ရဲ့ လျှပ်စစ်ဂစ်တာ ၂လုံး။
(သူတို့က ကျနော် အသံထွက်စေချင်သလို ထွက်ပေးတယ်)

ငှက်ကလေးတွေကို လူနာမည်ပေးထားတာလားဟင်?
ဂစ်တာဆိုလို့အရမ်းစိတ်ဝင်စားတယ်။

ကိုအောင် said...

အကိုရေ အကိုတဂ်ထားတာကို ကျနော် ရေးပြီးကြောင်းပါ။ တဂ်တဲ့အတွက် ကျေးဇူးအကိုကြီး။

Anonymous said...

အစ်ကို

သတိတရ တဂ်လို့ ကျေးဇူးပါအစ်ကို

ကျနော်တာဝန်ကျေပြီ

ကိုလူထွေး said...

ထိပ်ဆုံးက မျက်ခုံးလှုပ်သွားပါတယ်...

အပေါ်ဆုံးကနေ လှုပ်တာဆိုတော့ အောက်ကလူတွေ အခြေခိုင်ဖို့လိုတယ်...

မဟုတ်ရင်တော့ အကုန်လုံး ပြုံပြီး လဲကုန်တော့မှာပဲ...

းဝ)

သက်ပိုင်သူ said...

အကို Face book acc ပေး
addမယ်

ဂျူနို said...

(ကမ္ဘာပေါ်က သန်း ၆၀၀၀ အထဲမှာ
အမိုက်မဲဆုံးသော လူသားတယောက်၊
ဖခင်တွေထဲမှာ အဆိုးဆုံးသော ဖခင်တယောက်၊
လင်သားတွေထဲမှာ အသုံးမကျဆုံး လင်သားတယောက်၊
သားသမီးတွေထဲမှာ မိဘမျက်နှာ အပျက်ဆုံး သား တယောက်...)

ဘာလို့ အဲ့လို ရေးရတာလဲ။ ဘာလို့ အဲ့လိုတွေးရတာလဲ။
ဘယ်လို့ ကိုယ့်ကိုကိုယ် အဲ့လိုထင်ရတာလဲ။

မမနှင်းကို ဘယ်သွားထားလဲ။ ငှက်ကလေးတွေကို ပြပါလား။

မအယ်တော့ ရေးနိုင်သေးဘူး အကိုရေ့ ။ စိတ်မဆိုးပါနဲ့ နော်။ နောက်တော့မှ ဘလာဘလာလုပ်တာပေါ့။

မအယ်

ThuHninSee said...

no.17 not much need wordsကိုပြောတာလားဟင်.
အဲဒီသီချင်းနာမည်က "စကားလုံးတွေ သိပ်မလိုဘူး" ပါ။
တေးရေး သူရချစ်မောင်.. ၀င်ရိုးစွန်းမီး စီးရီးထဲကပါ။
tagတာတွေကို သိပ်မရေးတတ်လို့ပါ။
စိတ်ကူးနဲ့ လူနဲ့တည့်ခဲ့ရင် ရေးပါမယ်။
စိတ်မရှိပါနဲ့အစ်ကို။

နှင်းနဲ့မာယာ said...

အကိုရေ

စီးပွားပျက်ကပ်ကြီး မြန်မြန်ပြီးစေချင်ပါတယ်...
အကိုရေးနေတဲ့ ကဗျာလေးတွေလဲ အမြဲဖတ်ချင်ပါတယ်..
သတိတရနဲ့ တဂ်ထားတာ ကျေးဇူးပါနော်.....
မကြာမီ လာမည်ပေါ့နော်...

ညီမ
နှင်း

ရေတမာ said...

ခုလိုသတိတရတက်ဂ်တာ ကျေးဇူးပါအကို။ ကြိတ်ပြီးချီးကျူးနေတာလေး သဘောကျတယ်။ ရွတ်ဖြစ်နေတဲကဗျာလေးကို ကြိုက်တယ်။ ကြိုးစားပြီးရေးပေးပါ့မယ်။ ကျနော်ရေးနိုင်တဲ့ အနေအထားမျိုးပါ။

PhotoVigor said...

coming from http://pyustate.com/..
good writing..
Cheers..

Sonata Cantata said...

ဟင်! တယောက်တပို့စ်ဆီ...ခွဲခြားခွဲခြား မလုပ်ပါနဲ့... ဒီမှာရေးပြီးပါပြီ ခင်ဗျာ၊ ရှင်။

Anonymous said...

ချစ်နေမိတဲ့ထဲမှာမပါလို့ ထိပ်ခေါက်ခံရတော့မယ်ထင်နေတာ.. စွဲလမ်းတဲ့ထဲထည့်ထားတာကိုး...
အာကိုကြီးက ပိုင်သဗျာ....။


SDL

ဆောင်းယွန်းလ said...

ဆန္ဒတွေပြည့်ဝပါစေအကိုရေ

မဆုမွန် said...

ဘာတက်ခ်ခဲ့တာလဲလို့ လိုက်ရှာတာ အခုမှ တွေးတယ် ဦးလေးကြီး ဦးအောင်သာငယ် ဟီးဟီး ရေးပေးမယ်နော် ခဏလေးတော့ စောင့်ပါဦး :)

Mhu Darye said...

လာဖတ်တယ်..
ရေးတော့ ရေးမယ်...ခုတလော အလုပ်များနေလို့၊ နည်းနည်းတော့ လာမယ် ကြာမယ် လို့ နော်.. :P
အဲဒါလေး လာ အသိပေးတာ.. ဟီးး