Jul 21, 2009

ပုဂ္ဂလိကမှတ်တမ်း










ဒဏ်ရာတွေနဲ့
ပြန်လာခဲ့တယ်။

အထီးကျန်ညကို
မီးလျှံတစနဲ့
ပြာချပစ်လိုက်တယ်။

ငါ့နံဘေးအနားမှာ
“နှင်း”...
ပြီးတော့
ချစ်ခြင်းမေတ္တာအပြည့်နဲ့
သူငယ်ချင်းတွေ...

ခု လိုအပ်နေတာ
ကဗျာတပုဒ်ပါပဲ။

အဲသည်မှာ
အကို “ခင်အောင်အေး”အတွက်
တေးတစ...
“သစ်ကောင်းအိမ်”အတွက်
စာတကြောင်း...
“မောင်ဖုန်းမြင့်”အတွက်
စကားတလုံး...
“အိန္ဒြာ”အတွက်
ကာရန်တစ...
“မနော်ဟရီ”အတွက်
နရီတခု...
“မေငြိမ်း”အတွက်
သစ်ရွက်စိမ်းတရွက်...
အဲသည်ကဗျာမှာ
ငါ ဖြည့်စွက်မယ်။

ယနေ့မှ စ၍
နက်ဖန်များစွာမှာ
ကမ္ဘာမြေသည်
ကဗျာတွေနဲ့
ငြိမ်းအေးခြင်း ရှိစေသတည်း...။

ATN

13 comments:

Anonymous said...

ကဗျာတွေနဲ့ ကမ္ဘာမြေ ငြိမ်းအေးပါစေ....

mie nge

ဆောင်းယွန်းလ said...

ယနေ့မှ စ၍
နက်ဖန်များစွာမှာ
ကမ္ဘာမြေသည်
ကဗျာတွေနဲ့
ငြိမ်းအေးခြင်း ရှိစေသတည်း...။

ထပ်တူထပ်မျှဆုတောင်းပါတယ်အကိုရေ

MANORHARY said...

ယနေ့မှစ၍
နက်ဖြန်များစွာမှာ
ကမ္ဘာမြေသည်
ကဗျာတွေနဲ့
ငြိမ်းအေးခြင်းရှိစေသတည်းတဲ့လား...........
ရှိပါစေ...
နရီတစ်ခုဖြည့်စွက်ပေးခွင့်ရချင်ပါတယ်။

မေ့သမီး said...

မနက်ဖြန်များစွာသာ ငြိမ်းချမ်းပါစေ။ ကဗျာတွေပဲ ထိုင်စပ်နေလိုက်မယ်။

စိုင်းလောဝ်ပိန်း said...

ခံစားချက်ခြင်း ထပ်တူပဲဗျာ။

Hmoo said...

Cool...Ko Aung Tha Nge :)

ကိုလူထွေး said...

ကမ္ဘာမြေသည်
ကဗျာတွေနဲ့
ငြိမ်းအေးစေသတည်း...

ကိုအောင်သာငယ်သည်လည်း
ဟိုချောင်မှာကွယ်ပြီး
တေးမှိန်းစေသတည်း...

(တေးမှိန်း = သီချင်းဆိုသည်)

းဝ)

Anonymous said...

ဟုတ် မဟုတ်တော့ မသိဘူး။
အရူးစိတ်ချမ်းသာရင် ကမ္ဘာငြိမ်းချမ်းသတဲ့ :)

မအယ်

အိုင်လွယ်ပန် said...

ကဗျာ နဲ့
ကမ္ဘာ ငြိမ်းချမ်းစေသား .....

pandora said...

ကျနော်လည်း အဲဒီကဗျာမှာ ဖြည့်စွက်ချင် လိုက်တာ

ပုဒ်မလေးဖြစ်ဖြစ်ပေါ့.. :)

အိန္ဒြာ said...

အကို........

အနုပညာသမားဆိုတာ....

လူသေတာတောင် စိတ်တွေသေမှမသေတာ...

ကဗျာတွေကို သံစဉ်ထည့်ပြီး...
သီချင်းလုပ်ဆိုကြဦးစို့ အကိုရေ....

မေငြိမ်း said...

တကယ်ပဲ တွေးတာလေး ကွက်တိ..
ကျမ သစ်ရွက်စိမ်းချစ်တာလေးပါ တခုတ်တရ သတိထားမိတာ...။ အဲဒါပေါ့ ကဗျာဆရာ..။ ပြီးတော့ အနုပညာမောင်နှမဆိုတာ..။

Kaung Kin Ko said...

ယနေ့မှ စ၍
နက်ဖန်များစွာမှာ
ကမ္ဘာမြေသည်
ကဗျာတွေနဲ့
ငြိမ်းအေးခြင်း ရှိစေသတည်း...။

အတူတူဆုတောင်းသွားတယ်အစ်ကို။