Oct 2, 2008
လောကလမ်း
ခန္ဓာကိုယ်ကြီးကသာ လှုပ်ရှားပြီး
နှလုံးသားက ရပ်တန့်နေတဲ့အခါ
လူဟာ
စက်ရုပ်တကောင်နဲ့ ပိုတူတူလာတယ်၊
ဒီလိုနဲ့
ငါ့ရဲ့ဈာပန
ငါကိုယ်တိုင် ရပ်ကြည့်ခဲ့ရပါပေါ့။
တကယ့်အမှန်မတော့
အဆိပ်တွေ အန်ချထားခဲ့တဲ့မြွေဟာ
ငါပါကွယ်။
ကံ့ကော်ရိပ်မှာ
အိပ်နေတဲ့ငှက်ကိုလည်း
မမြိုချခဲ့ပါဘူး။
သူရူးတယောက်
ကောက်ကာငင်ကာ ထထအော်တတ်သလိုမျိုး
အကြောင်းမဲ့ကို သွေးဆိုးကြည့်ချင်နေသေးတယ်။
ဒီလောကကြီး
နားညည်းသွားမလားလို့....
ဒီလိုနဲ့
ဝါယာကြိုးအစတွေလို
ကျဲမွဖွာလန်နေတဲ့ ဦးနှောက်ဟာ
မူလီတချောင်းစာပဲ ကျန်ရစ်ခဲ့တယ်
ကျပ်နိုင်သလောက်သာ ကျပ်ပစ်ခဲ့တော့ လောကရေ...
တံခါးတွေပျောက်တယ်
နေ့အလင်းတွေ မှောက်ကျတယ်
ညရောက်တာက စောလွန်းတယ်
ပြစ်တင်စရာတွေ ထုံမွှန်းနေတဲ့ဘ၀ဟာ
သေရွာ မရောက်ခင် အသက်ကုန်ခဲ့...
ဘာပဲ ပြောပြော
ချောင်းတချောင်းလို ငါ တိမ်ကောခဲ့တယ်။
ဘာပဲ ဖြစ်ဖြစ်
မြစ်တမြစ်လို ငါ စီးဆင်းပစ်ခဲ့တယ်။
ဘယ်လိုပဲ ပြေးပြေး
ငါဟာ မမောနိုင်သေးပါဘူးကွယ်။
ATN
Subscribe to:
Post Comments (Atom)
22 comments:
ကျွန်မလည်း တစ်ခါတစ်ခါတော့..သူရူးတယောက်
ကောက်ကာငင်ကာ ထထအော်တတ်သလိုမျိုး
အကြောင်းမဲ့ကို သွေးဆိုးကြည့်ချင်နေသေးတယ်။
စိတ်တွေသိပ်တင်းကြပ်လာရင် ပေါ့....
မူလီကိုပြုတ်မထွက်အောင်ကျပ်ပစ်ခံခဲ့ရတော့ အရစ်ပြုန်းဦးနှောက်ဖြစ်ကုန်တာပေါ့
ကျနော်တော့ ငယ်ငယ်က စိတ်ရူးပေါက်လာရင် ရေချိုးခန်း တံခါးကိုပိတ်ပြီး ရသမျှ သီချင်းစာသားတွေကို
အကျယ်ကြီး အော်ဆိုတယ်။ အခုတော့ ၀င်လေ ထွက်လေ ဘာလေ နည်းနည်းတော့ သိလို့။ စိတ်သဘောက တော်တော်ခက်တယ် အကိုရေ။
အနော်ကတော့ ခုနောက်ပိုင်းမှာ စိတ်ရှုပ်လာရင် ဈေးသွားပြီး ဟင်းတွေအများကြီး ချက်တယ်။
ကိုအောင်ရေ....
ရေးဖွဲ့တဲ့ ကဗျာတွေ ကောင်းလှချည်လားဗျာ...။
ရင်ကို ဘယ်လောက်များရင်းခဲ့ရပါသလဲ ဆိုတာ
ကဗျာကိုဖတ်တာနဲ့ မြင်နေ၇တယ်...။
အကိုရေ
စိတ်များ ညစ်နေသလား။ တခါတလေ ဒီလိုပဲ ဖြစ်တတ်တယ်လို့ တွေးပေါ့။
ချိုသင်းကတော့ စိတ်ညစ်ရင် ဆံပင်သွားညှပ်တယ်။ တခါကများ မယ်သီလရှင်လို တိုဖူးရဲ့ :P
ကျမရဲ့  အမိုက်ပုံးမှာ အရင်ကဆို ပန်ကန်ကွဲတွေ နေ့ တိုင်းတွေ့ ရတယ်။ စိတ်ညစ်တိုင်းခွဲပစ်တာ။
အကိုကြီးရေ.. ဒီလမ်းက
အတက် အကျ ကြမ်းတယ်နော်..။
တံခါးတွေပျောက်တယ်
နေ့အလင်းတွေ မှောက်ကျလာတယ်
ညရောက်တာက စောလွန်းတယ်
ပြစ်တင်စရာတွေ ထုံမွှန်းနေတဲ့ဘ၀ဟာ
သေရွာ မရောက်ခင် အသက်သုန်ခဲ့တယ်..............
မှန်လိုက်တာ အကိုရာ ကျွန်တော်တို့ ဘ၀တွေလည်း
အာဏာရှင်တွေရဲ့ လက်ထက်မှာ အသက်ကုန်နေခဲ့ပြီပေါ့
ကျွန်တော်တို့လည်း ကိုယ့်ဈာပန ကိုယ်ရူရင်းနဲ့ပဲ....။
အကို့လို ရေးတတ်ချင် လိုက်တာဗျာ..။
ဘာပဲ ဖြစ်ဖြစ်
မြစ်တမြစ်လို ငါ စီးဆင်းပစ်ခဲ့တယ်။
ဘယ်လိုပဲ ပြေးပြေး
ငါဟာ မမောနိုင်သေးပါဘူးကွယ်။
တော်သေးတာပေါ့ အန်ကယ်ရာ မမောဘူဆိုလို့  တူတော်မောင်ကတော့ မောလို့  ခဏနားချင်စိတ်တောင်ပေါက်နေပြီးးးးးးးး
ကိုကြီးအောင်သာငယ်ရေ ကဗျာတစ်ပုဒ်ဖတ်ရ တိုင်းရင်ထဲကိုထိတယ်ဗျာ ကိုကြီးအောင်သာငယ်ကဗျာ တွေက ကဗျာတိုင်းကဗျာတိုင်း ခံစားချက်အပြည့်ဗျာ ရင်နဲ့ရင်းတဲ့ကဗျာတွေဆိုတာသိသာတယ်
ကဗျာလေး ဖတ်လို့ကောင်းတယ်
မွန်းကျပ်နေတဲ့ ဘ၀ကို တစ်ခု မြင်သာလွန်းတယ်
ဒါပေမဲ့ .............
အကုန်လုံး က ၀ိုင်းကူပြီး စိတ်ပျက်ပေးနေကြရင်
ဘ၀ က ဘယ်နေပျော်ပါတော့မလဲ..နော်
တစ်ခါတစ်လေ.. အပြောင်း အလဲ သဘောမျိုးနဲ့
ပြောင်းပြန်တွေး ကြည့်ပါလား...
တစ်ကယ်တော့ ကျွန်မတို့ရဲ့ လောကကြီးမှာ
လှပပြီး ကြည်နူးစရာကောင်းတဲ့ အရာတွေ အများကြီး ရှိနေပါတယ်....
manorhary - အေးဗျာ - ဖြေလျော့စရာဆိုလို့ အဲတနည်းပဲ ရှိတော့လေသလား။
myo win zaw - ဦးနှောက်ရှိနေတာပဲ ကံကောင်း။
ကိုအောင် - သီချင်းတွေ ဆိုနိုင်သေးတာ ကံကောင်းနေသေးတာပဲ။
pandora - ချက်ပြီးရင် တခွက်တော့ ပါဆယ် ပို့ပေးဗျ။ အဲလို မဟုတ်ရင် စိတ်ဒုက္ခပေးတာနဲ့အတူတူပဲ။
thorn museum - ကိုသစ်ကတော့ မြှောက်ချည်း ပေးနေတာပဲ။
moe cho thin - ညစ်လည်း ညစ်တယ်၊ မညစ်လည်း မညစ်ဘူးပါဘူး ညီမရေ။ အကိုကတော့ ဆံပင် အရှည်ကြီး။
အယ်ဇီ - အကုန်အကျတွေ များပါ့မယ်ဗျာ အဲလောက် မပေါက်ကွဲနဲ့လေ။
မောင်ဖုန်းမြင့် - ကိုယ့်ညီပဲ ပြောတော့ကွာ။
tharrhtoo - စဉ်းစားကြည့်ပေါ့ ညီရေ့။
black dream - အတူတူပဲပေါ့ ဟုတ်လား။
လင်းထက် - ရေးတတ်စရာ မလိုပါဘူး မောင် ရေးချဖို့ပဲ လိုတာပါ။
တူမောင်မျိုး - ခဏနာချင်ရင် နားဦးလေ။ ရှေ့ခရီးက အဝေးကြီးကိုး တူမောင်ရဲ့။
မျက်ဝန်းနက် - ခံစားတတ်သော နှလုံးသားမြည်သည်ကား ခံစားပါစေ။
mama - အားပေးစကားအတွက် ကျေးဇူးပါ။ ကဗျာကတော့ ကဗျာသာပါပဲ။
ကဗျာလေး ကြိုက်တယ်ဗျာ။ အထူးသဖြင့်အောက်က နှစ်ပိုဒ်နဲ့ သူရူးတစ်ယောက်လို ဆိုတဲ့ အပိုဒ်။ အရမ်းကြိုက်တယ်ဗျာ။
ခန္ဓာကိုယ်ကြီးကသာ လှုပ်ရှားပြီး
နှလုံးသားက ရပ်တန့်နေတဲ့အခါ
လူဟာ
စက်ရုပ်တကောင်နဲ့ ပိုတူတူလာတယ်၊
ဒီလိုနဲ့
ငါ့ရဲ့ဈာပန
ငါကိုယ်တိုင် ရပ်ကြည့်ခဲ့ရပါပေါ့။
အခုနောက်ပိုင်း ပေါက်ကွဲတဲ့ကဗျာတွေ၊ ညည်းချင်းကဗျာတွေ ရေးချင်စိတ်ပေါ်လာရင်တောင် တတ်နိုင်သလောက် ချုပ်ထိမ်းတယ်။
ချို့တဲ့ရှားပါးမှန်း သိပေမယ့် ဘ၀ထဲမှာ အဲဒီပျောက်ဆုံးနေတဲ့ အလှတရားလေးကိုပဲ ရှာဖွေမောကြည့်ချင်မိတယ်။
ကြာရင် ဘ၀ထဲမှာ အနုပညာ မျိုးတုန်းသွားမှာ စိုးလို့ပါဗျာ။
အစ်ကိုကတော့ ကံ့ကော်ရိပ်မှာ အိပ်နေတဲ့ငှက်ကို
မမြိုချခဲ့ပါဘူး။ ဒါပေမယ့် ကံ့ကော်လမ်းက ခရမ်းပြာအိမ်မက်တွေကို ဖြိုချခဲ့တဲ့သူတွေကတော့ .......
အစ်ကိုရေ ဒီဘ၀လမ်းမှာ ကျနော်တို့  မမောတမ်း ဆက်လျှောက်ကြရအောင်။
ကဗျာကောင်းလှချည်လားဗျာ..
တကယ့်အမှန်မတော့
အဆိပ်တွေ အန်ချထားခဲ့တဲ့မြွေဟာ
ငါပါကွယ်။
ကံ့ကော်ရိပ်မှာ
အိပ်နေတဲ့ငှက်ကိုလည်း
မမြိုချခဲ့ပါဘူး။
တစ်ပုဒ်လုံး ကြိုက်တယ်..။
ကဗျာလေးကကောင်းလိုက်တာ...
အဲလိုရေးတတ်ချင်တယ်...
ကောင်းကင်ကို - နှစ်သက်တယ်ဆိုလို့ ကျေးဇူးပါညီရေ
ကိုဝေလင်း - ဆည်ကျိုးတာပါဗျာ ဘာမှ မဟုတ်။
ဇင်ယော် - တို့ဇင်ယော်ကြီးကိုတော့ ဒီတခါ တကယ်လေးစားသွားပြီ။
nyein chan aung - ကျေးဇူးပါ ညီရေ့
ရှင်မင်းညို - ကျေးဇူးပါ။ ရေးတတ်စရာ မလိုပါဘူးလေ ရေးချလိုက်ဖို့ပဲလိုတာပါ။
သွေးဆိုးကြည့်လို့ လောကကြီး နားညည်းကြေးဆို
ကျတော်လဲ သွေးဆိုးကြည့်ချင် သေးတယ် :)
Post a Comment